နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ဂန့်ဂေါက ဆယ်​ကျော် သက်လူငယ် အလောင်းသာပြန်တွေ့

မကွေးတိုင်း၊ ဂန့်ဂေါနယ်က ဒေသခံဆယ်ကျော်သက် လူငယ်တဦးကို စစ်တပ်ကဖမ်းခေါ် သွားပြီးနောက်ဆယ်ရက်အကြာမှာ ယာခင်းတခုထဲ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုသာပြန်တွေ့ရတယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။ ဂန့်ဂေါမြို့တောင်ဘက်မြစ်သာမြစ်ကူးတံတားရဲ့အောက်ဘက်နားကယာခင်းတစ်ခုမှာရုပ်အလောင်းတလောင်းကို ဒီဇင်ဘာ (၁၄) ရက်နေ့မှာ တွေ့ ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အလောင်းကကောက်ဖို့တောင်မလွယ်ဘူးပြောတယ်၊အနားတင်သဂြိုလ်ကြရမှာ” လို့ ဂန့်ဂေါမြို့ခံ တဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]