ဒေသအလိုက် သတင်းကဏ္ဍ

ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးကရွာနှစ်ရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။ ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးမြို့နယ်၊တောကျောင်းလေးရွာနဲ့ ထန်းတောရွာက နေအိမ်အများအ ပြားကို မီးရှို့နေကြောင်း Chaung U Revolution ကထုတ်ပြန်ပါတယ်။ ‘တောကျောင်းလေးရွာထဲကို မနေ့ကတည်းက စစ်တပ်က ဝင်မွှေလုယက်ထားပြီးပြီ။မနေ့ကတည်းက ရွာထဲပိတ်မိနေတဲ့ ရွာသားတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊တပါယ်အင်းရွာ စစ်တပ်မီးရှို့လို့ ရွာလုံးကျွတ်နီးပါး လောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊တပါယ်အင်းရွာကို အကြမ်းဖက်တပ်ကမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ ဇွန်လ ၅ရက်နေ့ ညနေ၃နာရီခွဲလောက်မှာ စစ်သား၄ယောက်နဲ့ ကံကြီးကုန်းနဲ့ ကင်မွန်းတော်ရွာတို့က ပျူစောထီးတွေက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျတ်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြား ရေးကထုတ်ပြန်ပါတယ်။ အိမ်​ခြေ၇၀ ကျော်ရှိ တဲ့ တပါယ်အင်းရွာမှာ နေအိမ်၄လုံးသာမီးမလောင်ဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးမှာ ကင်းပုန်းချဖို့ ထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ဦးသေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကင်းပုန်းချဖို့ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ၁၇ရက်နေ့ မနက် ၁၀နာရီ၄၅မိနစ်လောက်မှာ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နတ်ရေကန်ကျေးရွာနဲ့ ငါးရှန်ကျေးရွာကြားမှာ [ဆက်လက်ဖတ်ရှုရန်]