ဂန့်ဂေါတောင်ပိုင်း ခေါက်ခူရွာသားတဦးကို စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်

ဂန့်ဂေါတောင်ပိုင်း ခေါက်ခူရွာသားတဦးကို စစ်ကောင်စီစစ်ကြောင်းကသတ်ဖြတ်

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးအပြီးမှာ သတ်ဖြတ်ခံထားရတဲ့ ရွာသားတဦးရုပ်အလောင်းကိုတွေ့ရပြီး စစ်ကောင်စီကသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ သတ်ဖြတ်ခံထားရသူဟာ ဂန့်ဂေါ မြို့နယ် ခေါက်ခူကျေးရွာ ဒေသခံ အမျိုးသားတဦးဖြစ်ပြီး ဒေသခံတွေက ဒီကနေ့ အောက်တိုဘာ(၂၉)ရက် ညနေပိုင်းမှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။ ဂန့်ဂေါမြို့တောင်ပိုင်းက ခေါက်ခူကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ (၂၆)ရက် ညနေပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်လို့ အဲ့ဒီစစ်ကြောင်းက သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေကယူဆကြပါတယ်။ ” ပြေးတာမလွတ်လိုက်တာထင်တယ်၊ ရွာအထွက်ဘက်မှာ သူ့ကိုမိသွားတာ၊ပြေးလွှားရင်း အပစ်ခံရတာလို့ထင်ပေမယ့် သေနတ်ဒဏ်ရာသုံးချက်က တ…

Read More