သမိုင်းကုန်းကျော်တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသား ပြင်းထန်ဒဏ်ရာရ

သမိုင်းကုန်းကျော်တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသား ပြင်းထန်ဒဏ်ရာရ

မရမ်းကုန်းမြို့နယ်၊ သမိုင်း​ကုန်းကျော်တံတားပေါ်ကနေ ဒီကနေ့ နိုဝင်ဘာ (၈) ရက်မနက်ပိုင်းမှာအမျိုးသားတဦး ခုန်ချခဲ့ပြီး အသက်မသေပေမယ့် ​ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အဲဒီပတ်ဝန်းကျင်မှာနေထိုင်သူတချို့က DNA ကိုပြောပါတယ်။ တံတားပေါ်က ခုန်ချတဲ့အမျိုးသားဟာ အသက် (၃၀) ဝန်းကျင်အရွယ်ရှိပြီး တံတားအနီးဝန်းကျင် ရပ်ကွက်က ဒေသခံဟုတ်မဟုတ် အတိအကျမသိရသေးပါဘူး။ “ဒီဝန်းကျင်မှာနေတဲ့သူ မဟုတ်ဘူးလို့လည်း ပြောနေကြတယ်၊ ဒဏ်ရာတော့ပြင်းတယ်လို့ သွားကြည့်တဲ့သူတွေဆီကသိရတယ်” လို့ သမိုင်းကုန်းကျော်တံတားအနီး နေထိုင်သူတဦးက ပြောပါတယ်။ အဲဒီအမျိုးသား ခုန်ချတဲ့တံတားဟာ ရထားသံလမ်းနဲ့ ဗဟိုလမ်းမကို ဖြတ်ကျော်တည်ဆောက်ထားတဲ့တံတား…

Read More