၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန်တွေကိုတရားဝင်ငွေကြေးအဖြစ်ကရုပ်သိမ်းတယ်ဆိုတဲ့ သတင်းမှား

စက်တင်ဘာ ၊ ၃၀
၅၀ ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ငွေစက္ကူတွေကို စစ်ကောင်စီက တရားဝင်ငွေကြေးတွေအဖြစ်ကနေ ရုပ်သိမ်း လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့အမိန့်စာဆိုတဲ့ ထုတ်ပြန်ချက်တခုနဲ့မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ အမိန့် ကြော်ငြာစာဆိုတဲ့ ထုတ်ပြန်ချက်တခု စက်တင်ဘာ ၂၉ရက်စွဲနဲ့ပျံ့နှံ့လာတာပါ။
DNA Fact Check အဖွဲ့ကနေ အဲ့ဒီ့ထုတ်ပြန်ချက်ကို စစ်ဆေးကြည့်တဲ့အခါမှာ ကြေညာချက်အမှား၊ သတင်းအ တုဖြစ်ကြောင်း အထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ပျံ့နှံ့လာတဲ့ စစ်ကောင်စီရဲ့ အမိန့်ကြေညာချက်ဆိုတဲ့စာမှာ အမိန့်စာအမှတ် ၁/၂၀၂၃ လို့ဖော်ပြထားတာ တွေ့ရပါ တယ်။ဒါပေမယ့် အတည်ပြုထားနိုင်တဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရ စက်တင်ဘာလ ၂၅ရက်နေ့အထိ အမိန့်စာ အမှတ်စဉ် ၈၆/၂၀၂၃ အထိရှိနေတာကိုတွေ့ရပြီး ဒီနေရာ https://cincds.gov.mm/node/23660?d=1 မှာကြည့်လို့ရပါတယ်။
၅၀ကျပ်တန်နဲ့ ၁၀၀တန် ငွေစက္ကူတွေကို ရုပ်သိမ်းတယ်ဆိုတဲ့ကြေညာချက် ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ တာမရှိဘူး လို့ စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြောထားကိုလည်း ဒီနေရာမှာ https://t.me/konyein123/1407 ဝင်ကြည့် လို့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့အမိန့်ကြေညာချက်တွေမှာ အတွင်းရေးမှူး အောင်လင်းဒွေးရဲ့ လက်မှတ်ဖော်ပြ ထားလေ့မရှိဘဲ အခုပျံ့နှံ့လာတဲ့အမိန့်စာမှာတော့ သူ့ရဲ့လက်မှတ်ပါနေတာတွေ့ရပါတယ်။
အလားတူ စစ်ကောင်စီဗဟိုဘဏ်ကလည်း ၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန်ငွေစက္ကူတွေရုပ်သိမ်းမယ်ဆိုတဲ့ထုတ် ပြန်ချက်တွေဟာသတင်းအမှားတွေသာဖြစ်ပြီး အဲ့ဒီလိုသတင်းမှားဖြန့်ဝေသူတွေကိုဖော်ထုတ်အရေးယူမယ်လို့ ဒီကနေ့မှာပဲ အသိပေးရှင်းလင်းထားတာကို https://www.moi.gov.mm/news/45216 ဒီမှာဝင်ကြည့်လို့ရပါတယ်။
ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check Team ကို ဒီနေရာ dnafactcheck@gmail.com ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် လိုက်ပါတယ်။