လက်နက်မဲ့အရပ်သားတွေကို အပြန်အလှန်တိုက်ခိုက်နေမှုအပေါ် နိုင်ငံရေးလေ့သာသုံးသပ်သူတွေဘယ်လိုရှုမြင်လဲ

ဇွန် ၊ ၁၀

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကို ထောက်ခံသူတွေနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်သူတွေရဲ့ မိသားစုဝင်တွေကို အမည်မသိလူအုပ်စုတွေက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပြီး တချို့ဖြစ်စဉ်တွေမှာတော့ သီးခြားထုတ်ပြန်တာမရှိဘဲ အပြန်အလှန်စွပ်စွဲချက်တွေအဖြစ် ရှိနေပါတယ်။

 ဒီအခြေအနေတွေကြောင့် မိသားစုတွေရဲ့ စိုးရိမ်ပူပန်ချက်တွေနဲ့ လက်ရှိဖြစ်ရပ်တွေအပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့သုံးသပ်ချက်တွေကို စုစည်းပြောပြပါမယ်။

 စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်းမငြိမ်မသက်မှုတွေနဲ့အတူစစ်ကောင်စီက အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကို တောက်လျောက်ဖိနှိပ်ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ခဲ့သလို လက်နက်မဲ့အရပ်သားတွေလည်း နှစ်ဖက်ပဍိပက္ခကြား သတ်ဖြတ်ခံရမှုတွေရှိနေပါတယ်။

 ပြီးခဲ့တဲ့ မေလထဲမှာ အမျိုးသားရေးလှုပ်ရှားသူတွေအဖြစ် နာမည်ကြီးတဲ့ ဦးတင့်လွင်နဲ့ အဆိုတော်လီလီနိုင်ကျော်တို့ ဟာလည်း အမည်မသိလူတစုရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

 အဲဒီနောက်ပိုင်းမှာလည်း အဆိုတော်လီလီနိုင်ကျော်ကို ပစ်ခတ်ဖမ်းဆီးသူတွေထဲမှာ ပါဝင်နေတယ်လို့ စွပ်စွဲဖမ်းဆီးထားတဲ့ ကိုကောင်းဇော်ဟိန်းရဲ့ မိခင်ဖြစ်သူနဲ့ အစ်မဖြစ်သူဟာ အမည်မသိလူတစုက နေအိမ်မှာ ဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။

 ဒီဖြစ်စဉ်တွေပြီး ရက်ပိုင်းအတွင်းမှာပဲ  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အကိုတော်စပ်သူ ဦးသန်းမြင့်ဟာ သာကေတမြို့နယ်အတွင်းက နေအိမ်အနီးမှာ အမည်မသိလူတစုက ဓါးနဲ့ထိုးသတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

 အခုလိုမိသားစုဝင်တွေကိုပါ သတ်ဖြတ်မှုတွေရှိလာတဲ့အပေါ် ကာယကံရှင် မိသားစုဝင်ဖြစ်တဲ့ ဦးအောင်ကျော်မိုးက အခုလိုပြောပါတယ်။

 “ မိသားစုဝင်တွေကို အခုလိုသတ်ဖြတ်မှုတွေရှိလာတာက အတော်လေးကိုယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်လိုပဲမြင်တယ်။ ဘာလိုလည်းဆိုတော့ တော်လှန်ရေးမှာ ပါဝင်နေသူတွေက သူတို့ဒီဟပေါ်မှာ ယုံကြည်ချက်ရှိလို့ တန်တူညီမျှရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ မဆိုင်တဲ့သူတွေကို သွားသတ်ဖြတ်တာက အရိုင်းအစိုင်းတွေ လူကျင့်ဝတ်ကိုနာလည်ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေရဲ့လုပ်ရပ်မဟုတ်ဘူး။ သူတို့မှာက ဘာကျင့်ဝတ်မှာမရှိဘူး တချိန်မှာတော့ သူတို့ဒါတွေကိုဖြေရှင်းရမှာပေါ့ “ လို့ သူကဆိုပါတယ်။

 လက်ရှိမှာဆိုရင်လည်း စစ်ကောင်စီကိုဆန့်ကျင်တွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတွေကိုလည်းတန်ပြန်တိုက်ခိုက်ဖို့အတွက် စစ်ကောင်စီဝါဒဖြန့်သူတွေကနေ တိုက်တွန်းနှိုးဆော်မှုတွေထပ်ရှိနေတာကြောင့် မိသားစုဝင်တွေဟာစိတ်ပူစိုးရိမ်မှုတွေရှိနေပါတယ်။

 ဒီအခြေအနေဟာ  ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအမြင်မှာပြည်သူအချင်းချင်း သတ်ဖြတ်နေတယ်လို့ မြင်လာအောင် စစ်အုပ်စုကရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

 အကြမ်းဖက် အာဏမလုခင် ကတည်းက ဒီလိုကိစ္စမျိုးတွေဖြစ်လာရင် ဘယ်တက်နဲ့လှော်မယ်ဆိုတာအစွန်းရောက်အကြမ်းဖက်ဝါဒါကို လက်တွေ့ကျင့်သုံးနေတဲ့ နိုင်ငံတကာ ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ဖက်ဆစ်စစ်တပ်ကြိုပြင်ဆင်ထားတယ်။ အဆိုးကြော့သံသယလည်အောင်လုပ်ကြံဖန်တီးထားတယ်။ အခုလိုအုပ်စုဖွဲ့ပြီး အပြန်အလှန်သတ်ဖြတ်ပြတာတွေ မဖြစ်ဖြစ်အောင်ပေါ်ပေါက်လာအောင် ဖန်းတီထားတာပေါ့လို့  နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်ကဆိုပါတယ်။

 နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတာတွေက အကြမ်းဖက်မှုကျူးလွန်းတာဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ နိုင်ငံတကာ လက်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 “ နိုင်ငံတကာကတော့ ဒီဟာတွေကို သတိပြုမိတယ်လို့ထင်တယ်။ သူတို့မြန်မာနိုင်ငံကို လာလေ့လာတုန်းက ဒီရောက်တဲ့အချိန် နစက ကော နိုင်ငံရေးပါတီတွေကကော ပြောလိုက်တာရှိတယ်။ သူတို့ကုလသမဂ္ဂအဖွဲ့အစည်းထဲလည်း အသတ်ခံရတာတွေရှိတယ်။ တိုင်းပြည်ပြင်ပရောက်တဲ့အခါမှာ နစက ကျူးလွန်းတာကိုပြောရင်နဲ့ တဖက်ကကျူးလွန်းတာတွေရှိတဲ့အကြောင်း ပြောတာသတိထားမိတယ်။ သူတို့သိနေကြတယ် နှစ်ဖက်စလုံးမှာ မလိုအပ်တဲ့ကိစ္စတွေရှိတယ်ဆိုတာသိတယ်။ ကြားဝင်ဖြေရှင်းပေးသူတွေကတော့ စိတ်ပျက်တာပေါ့ အာဆဖိယံ သဘောတူညီချက် ၅ ရပ် ကောင်ထည်ဖော်လိမ့်မယ်လို့ ဘယ်နိုင်ငံမှာမမျော်လင့်တော့ဘူး မြန်မာနိုင်ငံကို မယုံတော့ဘူး “ လို့သူကဆိုပါတယ်။

 တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ လူထုကို မိမိရဲ့ထင်မြင်ပြောဆိုချက်ကိုတောင် ထုတ်ဖော်ခွင့်မရှိတဲ့အထိ ဖိနှိပ်မှုတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေကို အစုလိုက်သေဆုံးစေမှုတွေကိုအာဏာသိမ်း၂နှစ်တာကာလအတွင်းထပ်တိုးလုပ်ဆောင်လာနေပါတယ်။

 ဒါတွေအပြင် NLD ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်သူတွေကိုသွေးသောက်တံဆိပ်ကပ်ပြီးသတ်ဖြတ်တာတွေလည်းရှိနေပါတယ်။

လက်ရှိအချိန်ထိဆိုရင်  အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူပေါင်း ၃၆၀၀ ကျော်ကျဆုံးခဲ့ပြီလို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က စစ်တပ်လက်အောက်ခံထဲက သတ်ဖြတ်ခံရသူငါးထောင်ကျော်ရှိတယ်လို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။

အခုလိုလက်နက်မဲ့ပြည်သူတွေအပေါ် နှစ်ဖက်အပြန်အလှန်သတ်ဖြတ်နေတာတွေဟာ နိုင်ငံရေးအရ အကျိုးအမြတ်ရစရာမရှိသလို လက်ခံနိုင်စရာလည်းမရှိဘူးလို့နိုင်ငံရေးလေ့လာသုံးသပ်သူကိုစိုင်းကြည်စင်စိုးကဆိုပါတယ်။

 “ တော်လှန်ရေး လုပ်တယ်ဆိုတာက အပြောင်းအလဲတစ်ခုပေါ့။ အဲဒါကလည်းလူထုနဲ့ အများတွက် အကျိုးရှိတဲ့စနစ်တခုကို ဖော်ဆောင်ချင်လို့ ကြိုးစားနေတာဖြစ်တယ်။ နိုင်ငံရေးအသာရမှုအတွက် သတ်ဖြတ်နေမယ်ဆိုရင်တော်လှန်ရေးက အကြမ်းဖက်လုပ်ရပ်အနေနဲ့နိမ့်ကျသွားနိုင်သလို ထောက်ခံမှုအားနည်းလာမယ်။ တကယ်လူထုအကျိုးတွက်လုပ်တာလား အာဏရဖို့အတွက်လုပ်တာလားဆိုတာမသဲကွဲဘဲ အကြမ်းဖက်မှုခေါင်းစဉ်အောက်မှာရောက်တဲ့သာဓကတွေရှိတယ် ။ လူအုပ်ကိုနှိပ်နင်းမယ်ဆိုတာရှိတယ်။  စစ်တပ်ရဲ့ ဖွဲစည်းရေပုံစံကလည်း လုံခြံုရေးခေါင်းစဉ်အောက်မှာ သတ်ဖိုဖြတ်ဖို့ တိုက်ဖို့ခိုက်ဖို့ သူတို့ကသင်ကြားလေ့ကျင့်ပေးတဲ့အစုဖွဲ့ဖြစ်တယ်။ သူတို့လုပ်တာ သူတို့သမိုင်းပဲ၊ အခုမှလုပ်တာမဟုတ်ဘူး။ ရှေးကလည်းလုပ်ခဲ့တယ် ကရင် ရခိုင် ကချင်လည်း ခံဖူးတယ် ။ ရိုဟင်ဂျာဆျုမျိုးတုန်းတဲ့အထိခံရတယ်။  သူတို့လုပ်တာ မကောင်းဘူးဆိုရင် သူတို့လုပ်တာဘာလို့ လိုက်လုပ်တာလည်းဆိုတဲ့မေးခွန်းရှိတယ်’’ လို့ဆိုပါတယ်။

 တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ လူထုကို မိမိရဲ့ထင်မြင်ပြောဆိုချက်ကိုတောင် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့နဲ့ ကူညီကယ်ရေးကို အဓိကထားတောင်းဆိုတာတွေလည်းရှိနေပါတယ်။

 အခုလို အပြန်အလှန်သတ်ဖြတ်မှုတွေဆက်ဖြစ်လာပြီး လူခွင့်ရေးတွေချိုးဖောက်မှုတွေရှိလာတဲ့အဖွဲ့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ခံရနိင်တယ်လို့ လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေကသုံးသပ်ပြောဆိုကြပါတယ်။