၁၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း မင်းဘူးမြို့နယ် ကုန်းသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်စက်ရုံတွေကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ ဓာတ်အားပေးတာဝါတိုင် တစ်တိုင်ကို MSPDFရဲ့ ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့က ဖောက်ခွဲခဲ့တယ်လို့ MSPDFက သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၈ရက်နေ့ မနက် ၅နာရီခန့်မှာ လျှပ်စစ်ဓာတ်အားတာဝါတိုင်ကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ MSPDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့် စစ်အုပ်စုနဲ့ ပက်သက်တဲ့ နေရာတွေအနီးအနားကို ပြည်သူတွေ သွားလာခြင်းမပြုဖို့ သတိပေးထားပါတယ်။…
Read More