မတ်၊ ၂၉ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်နားမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ထိန်းသိမ်းထားတဲ့ စင်တာတခု မီးလောင်မှု ဖြစ်ပွားပြီး လူ ၄၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီစင်တာဟာ အမေရိကန်ပိုင် အယ်လ်ပါဆိုမြို့နဲ့ နယ်စပ်နားက မက္ကဆီကိုရဲ့ ကူဒက်ဂျူအာရက်ဇ် မြို့မှာ တည်ရှိပါတယ်။ စင်တာထဲမှာတော့ အလယ်ပိုင်းနဲ့ တောင်ပိုင်း အမေရိက နိုင်ငံတွေကနေ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရားမဝင် ရွှေ့ပြောင်း…
Read Moreမက္ကဆီကို နိုင်ငံက တိရစ္ဆာန်ရုံ တစ်ခုရဲ့ အကြီးအကဲဟောင်း တစ်ဦးဟာ တိရစ္ဆာန်ရုံထဲမှာ မွေးထားတဲ့တွေ ပစ်ဂ်မီ ဆိတ်ပုကို သတ်ပြီး ညစာအဖြစ် တည်ခင်းခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။ ဂွာရဲရိုးပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနရဲ့ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဌာနခွဲ အကြီးအကဲ ဖာနန်ဒို ရုဇ်က Zoochilpan တိရစ္ဆာန်ရုံရဲ့ အကြီးအကဲဟောင်း ဟိုဆေး ရူဗန် နာဗာ နော်ရီဂါဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးအကြို ညစာစားပွဲမှာ…
Read Moreမက္ကဆီကိုနိုင်ငံမြောက်ပိုင်း နျူအေဗွန်လီယွန်ပြည်နယ်မှာ မိုးခေါင်ပြီးနောက် သောက်ဆုံးရေးပြတ်လတ်မှု ပြဿနာ ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် အာဏာပိုင်တွေက အမျိုးသားလုံခြုံရေးဆိုင်ရာ အခြေအနေတရပ်ကို ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ ဖက်ဒရယ်အစိုးရဟာ အများပြည်သူတွေ သုံးဖို့အတွက် ဦးစားပေးမယ်လို့ ပြောကြားထားပြီး ပုဂ္ဂလိကကုမ္ပဏီတွေကို ပေးထားတဲ့ ရေပေးဝေမှုကိုတော့ လျှော့ချနိုင်တယ်လို့ ဆိုထားပါတယ်။ စီးပွားဖြစ် ဘီယာကုမ္ပဏီတွေဟာ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက်အောက်မှာ နှစ်စဉ် ရေဂါလံ ဘီလီယံပေါင်းများစွာကို ထုတ်ယူသုံးစွဲနေတာဖြစ်ပြီး အာဏာပိုင်တွေဟာ ဒေသခံတွေအတွက် ရေရရှိရေးကို ကန့်သတ်ထားတာကြောင့် လူပေါင်း…
Read Moreမက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဆဲလ်လာရာမြို့မှာ မေလ ၂၄ရက်က သေနတ်သမား ၁၀ယောက်ကျော်က ဘားဆိုင်နှစ်ဆိုင်ကို ပစ်ခတ်မှုအတွင်း လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ ဘားဆိုင်နှစ်ဆိုင်အတွင်း သေနတ်ပစ်ခတ်လို့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦး နေရာမှာတင် သေဆုံးသွားတယ်” လို့ ဂွါနာဂျူတိုပြည်နယ် ဆဲလ်လာရာမြို့ရှိလုံခြုံရေးအရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦး ဆေးရုံမှာ ထပ်မံသေဆုံးခဲ့ပြီး အခြားလူနှစ်ဦးလည်း…
Read Moreမက္ကဆီကိုသမ္မတ López Obrador က လာမယ့်လမှာ ကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးကို သပိတ်မှောက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့ ကျူးဘား၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို မဖိတ်ဘူးဆိုရင် မက္ကဆီကိုရဲ့ပါဝင်မှုကိုလည်း အတည်ပြုမှာမဟုတ်ဘူးလို့ မေလ ၁၀ရက်နေ့က ပြောခဲ့တာပါ။ “ထိပ်တိုက်ရင်ဆိုင်မှုမျိုးမဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ခံစားရတယ်။ ကွဲလွဲမှုတွေရှိပေမဲ့ အမေရိကန်တွေအားလုံးက တွေ့ဆုံဆွေးနွေးမှုတွေလုပ်ရမှာဖြစ်တယ် ၊လူတိုင်းကို ဖိတ်ကြားစေချင်ပါတယ်။ ဒါ မက္ကဆီကိုရဲ့ ရပ်တည်မှုဖြစ်တယ်”လို့ သမ္မတ López Obrador က သတင်းစာရှင်းလင်းပွဲမှာ…
Read More