နိုင်ငံရေး

ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃ ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးရိုးမထဲစစ်ကြောင်းထိုးရာက စစ်ကားမှောက်လို့ အရာရှိနှစ်ဦးအပါအဝင်ခြောက်ဦးသေ

မတ်၊ ၃ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ပဲခူးရိုးမထဲစစ်ကြောင်းထိုးဖို့လာရင်း စစ်ကားတိမ်းမှောက်ရာက ဗိုလ်မှူးတဦးအပါအ ဝင်ငါးဦးနေရာမှာပဲ သေဆုံးခဲ့သလို ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဗိုလ်ကြီးတဦး ဒီကနေ့ထပ်မံသေဆုံးသွားလို့ စုစုပေါင်းသေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြောင့် တပတ်အတွင်းရွှေကျင်ဒေသခံ ခုနစ်ထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၈ ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် တပတ်အတွင်း ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ တယ်လို့ စစ်ဘေးရှောင် အရေးကူညီနေသူတွေကပြောပါတယ်။ ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဝေါမြို့က ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခံရပြီးနောက်ဒေသခံလေးဦးကိုဖမ်းဆီး

ဖေဖော်ဝါရီ၊ ၂၇ ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး  ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေ​ဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တံခါးကရန်ကုန်-မန္တလေးလမ်းမပေါ်တံတားမိုင်းခွဲခံရပြီးနောက်ဒေသခံငါးဦးဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကရန်ကုန်-မန္တလေး လမ်းမပေါ်တံတား မိုင်းခွဲခံရပြီးနောက်  အနီးအနားက ကျွန်းကုန်နဲ့ခင်ကြီးရွာတွေမှာနေ့စဥ် ဧည့်စာရင်းစစ်ဆေးနေတဲ့အပြင် ဒေသခံ ၅ ဦး ကိုလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။ ” ခင်ကြီးရွာက သုံးဦးရယ် ၊ကျွန်းကုန်ကနှစ်ဦး ကိုမြို့ကရဲစခန်းထဲဖမ်းခေါ်သွားတယ်။အကုန်လုံးကလူငယ်လူလတ်အရွယ်တွေချည်းပဲ။မေးစရာရှိလို့ဖမ်းခေါ်သွားတာ။အခုအထိပြန်မလွတ်သေးဘူး” လို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာအသက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ကြီးကဒေသခံစစ်ရှောင် သုံးသောင်းကျော်လူမှုဘဝရပ်တည်ဖို့အခက်အခဲဖြစ်ပေါ်နေ

ပဲခူးတိုင်း ၊ကျောက်ကြီးမြို့နယ်က ဒေသခံသုံးသောင်း ကျော်ဟာ စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်ကာလကြာမြင့်နေတဲ့အတွက် စားဝတ်နေရေးအရအဆင်မပြေလာတဲ့အပြင် လူမှုဘဝရပ်တည်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ အဲဒီဒေသခံစစ်ဘေးရှောင်တွေဟာ၂၀၂၂ခုနှစ်၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့မုန်းဒေသ တိုက်ပွဲအတွင်း ကျောက်ကြီးမြို့ နယ်ထဲကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်တောင်းမြစ်ကမ်းနံဘေးနဲ့အနီးတဝိုက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာကျေးရွာတွေတောင်တောင်တွေထဲမှာနေထိုင်ရတဲ့အပြင် နေရပ်ကိုမပြန်နိုင်တာကြောင့်စားဝတ်နေရေးအတွက်ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေကိုကူညီလုပ်ဆောင်ပေးသူတစ်ဦးကပြောပါတယ်။ “အခုအထိအိမ်ကိုမပြန်ရတာအချိန်ကြာပြီ။မီးရှို့ခံရတာနဲ့လက်နက်ကြီးမှန်တာဆိုတော့အိမ်တွေလည်းမရှိတော့ဘူးပေါ့။ သူတို့အတွက် စားဝတ်နေရေးအရအလုပ်အကိုင်တွေမရှိတော့အခက်အခဲတွေဖြစ်ကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေတာရှည်မှာ မြေမြုပ်မိုင်းနင်းမိလို့ ဒေသခံတဦးအပြင်းအထန် ဒဏ်ရာရ

ပဲခူးတိုင်း ၊ရေတာရှည်မြို့နယ် ၊ကဲလင်းဆိပ်အုပ်စုရွာသာရွာမှာဖေဖော်ဝါရီလ ၁၆ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးရင်းထောင်ထားခဲ့တဲ့မြေမြှုပ်မိုင်းကိုနင်းမိရင်းပေါက်ကွဲခဲ့ရာမှဒေသခံအမျိုးသားတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ရေတာရှည်မြို့နယ်၊ရွာသာကျေးရွာ ဒေသတစ်ဦးဖြစ်တဲ့အသက်၃၁ နှစ်အရွယ် ကိုဇော်မင်းဆိုသူဟာဖေဖော်ဝါရီလ ၁၆ ရက်၊မနက် ၆နာရီဝန်းကျင်ခန့်မှာ ရွာအရှေ့ငှက်ပျောခြံရှိရာကိုငှက်ပျော သီးခုတ်ဖို့သွားရောက်စဥ်ရွာအဝင်လမ်းမှာထောင်ထားတဲ့စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းတစ်လုံးကိုတက်နင်းမိခဲ့ရာကအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိရတဲ့ရွာသာကျေးရွာသားတဦးကပြောပါတယ်။ ” ရွာအဝင်အဝမှာမိုင်းပေါက်တဲ့အသံကြားလို့သွားကြည့်တာရွာကတစ်ယောက်ဖြစ်နေတယ်။ငှက်ပျောသီးခိုင်ခုတ်ဖို့ထွက်သွားရင်းမိုင်းနင်းခံရတာဒဏ်ရာပြင်းတယ်။ရေတာရှည်ဆေးရုံကိုပို့ထားရတယ်။”လို့သူကပြောပါတယ်။ ကိုဇော်မင်းဆိုသူဟာ စစ်ကောင်စီတပ်ရဲ့မြေမြှုပ်မိုင်းထိမှန်ခဲ့လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညောင်လေးပင်မှာတလအတွင်းတံတားသုံးစင်းမိုင်းခွဲခံရပြီးနောက်စစ်တပ်က စစ်ကြောင်းထိုးနေ

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှာ တလအတွင်း တံတားသုံးစင်းမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ (၁၁)ရက်မနက်ပိုင်းကစလို့ ညောင်လေးပင်နယ်ထဲ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့က ခင်ကန့် လန့်ရွာနဲ့ကညင်ကျိုးရွာကြားကကျေးရွာချင်းဆက်တံတားနှစ်စင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကမိုင်းခွဲခဲ့သလို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးက နေရာလေးနေရာမှာ ဗုံးတွေဆက်တိုက်ကွဲလို့ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကျပ်ထား

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီလ၇ ရက် ည ၈ နာရီဝန်းကျင်မှာ မြို့တွင်း လေးနေရာမှာ ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စစ်တပ်က မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ပေါက်ကွဲမှုတွေဟာ ပဲခူးမြို့၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့ အလောင်း နှစ်လောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့မှာ ဆယ့်ငါးနာရီအတွင်း အိမ်ယာမဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ဘုရားဈေးလမ်း နာရီ စင် အနီးမှာ ဖေဖော်ဝါရီ ၅ရက် ည ၆နာရီခန့်မှာ အ မျိုးသားတဦး၊ဒီကနေ့ မနက် ၉နာရီဝန်းကျင်မှာလည်း နဝဒေးလမ်း (PT.Power) ဆီဆိုင်အနီး [ဆက်လက်ဖတ်ရှုရန်]