တန့်ဆည်မြို့မှာ အဝိုင်းပတ်က အလံနက်ကို လာဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

တန့်ဆည်မြို့မှာ အဝိုင်းပတ်က အလံနက်ကို လာဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မြို့လယ်အဝိုင်းပတ်မှာ လွှင့်ထူထားတဲ့ အလံနက်ကို လာဖြုတ်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက်၉နာရီခန့်မှာ မြို့လယ်အဝိုင်းပတ်မှာ ထောင်ထားတဲ့ အလံနက်ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖြုတ်ယူစဉ်မှာ တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ရဲဘော်အဖွဲ့ကတော့ ထိခိုက်သူမရှိမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။ မြို့လယ်အဝိုင်းမှာ အလံနက်လွှင့်ထူခဲ့တာဟာ…

Read More
တန့်ဆည်မြို့မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိ

တန့်ဆည်မြို့မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိ

၁၀၊ အောက်တိုဘာလ၊၂၀၂၁။ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနဲ့ သစ္စေးကုန်းကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ The 74 Media သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ အောက်တိုဘာလ ၁၀ရက် နေ့လည် ၁၁နာရီခန့်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု သစ္စေးကုန်းကျေးရွာ မိုင်တဲတာဝါတိုင်အနီးမှာ မိုင်းထိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “အင်အားက ၅၀နီးပါးလောက်ရှိမယ် မိုင်းထိသွားတာ ၂ယောက်သေတယ်လို့ ပြောတယ်၊ ရွာတွေကို ဝင်ရှာပြီး…

Read More
တန့်ဆည်မြို့မှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ 

တန့်ဆည်မြို့မှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိ 

၃၊ စက်တင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ဝါးရငယ်မူးတောင်အတက်မှာ စက်တင်ဘာလ ၃ရက်နေ့ မနက် ၄နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်း ဆွဲမိုင်းထိခဲ့ပြီးတော့ စစ်ကားတစ်စင်းပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။   ဆွဲမိုင်းထိခဲ့တဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ ကံထူးမဘက်ကနေ တန့်ဆည်ဘက်ကို ပြန်လာတဲ့ ယာဉ်တန်းဖြစ်ပြီး စစ်ကား ၄စီးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆွဲမိုင်းထိမှုကြောင့် စစ်အုပ်စုက ဘယ်လောက်ထိခိုက်ဒဏ်ရာ ရရှိသူရှိပြီး ဘယ်လောက်သေဆုံးသွားခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Read More
ကပေါင်းကျကျေးရွာသား ၆ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်

ကပေါင်းကျကျေးရွာသား ၆ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်

၂၉၊ ဩဂုတ်လ၊ ၂၀၂၁။ တန့်ဆည်မြို့ ကပေါင်းကျကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ ၆ဦးကို နှိပ်စက် သတ်ဖြတ်ခြင်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၂၆ရက်နေ့ နံနက်ပိုင်းထဲက အကြမ်းဖက်စစ်အုပ်စုက ကပေါင်းကျကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံတွေ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ “ရွာက ကိုဇော်မင်းလေး၊ ကိုဟိန်းဇာ၊ ကိုကျော်နိုင်လင်း၊ ကိုဖိုးကြီး၊ ကိုလွင်မိုး၊ ကိုပူစီတို့ အသတ်ခံရတယ်သတင်းရတယ်…

Read More

တန့်ဆည်မြို့မှာ ဒလန်လို့ နာမည်ထွက်နေသူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။ တန့်ဆည်မြို့နယ် ကြက်ဆူကန်ကျေးရွာနေ မြို့နယ်သမဝါယမ ဥက္ကဌ ဦးကျော်ညွှန့်ကို အမည်မသိသူအဖွဲ့က ခေါင်းဖြတ်သတ်ခဲ့တယ်လို့ သိရပါတယ်။ “သူက ကြက်ဆူကန်မှာနေတာ ပျူစောထီးကလို့ သတင်းထွက်နေတာ လက်နက်ကိုင်ပြီး လျှောက်သွားနေတဲ့သူ ဒီနေ့ မနက်ပိုင်းမှာ ခေါင်းပြတ်ပြီး သေနေတဲ့ သူ့အလောင်းကို ပဲခင်းကြီး သင်္ချိုင်းနားမှာ တွေ့တယ် ဘယ်သူလုပ်သွားလဲတော့ မသိဘူး ညထဲက ဖြစ်ထားပုံပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဦးကျော်ညွှန့်ရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက လာရောက်စစ်ဆေးပြီးနောက်မှာ အနီးနားရွာတွေကိုပါ…

Read More