နိုင်ငံရေး

တနင်္သာရီမြို့မှာ စစ်ရှောင် နှစ်ထောင်ကျော် အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်

ဧပြီ၊ ၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဧပြီလအစောပိုင်းမှာစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အရပ်သားနှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။   “ လိုအပ်တယ်ပေါ့။ ဒါတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးမှုဖြစ်စဉ် မှားယွင်းပစ်ခတ်မှုဟု တနင်္သာရီပကဖ တောင်းပန်ချက်ထုတ်ပြန်

ဧပြီ၊ ၂  တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့အထွက်မှာ ဧပြီ ၁ ရက် ည၈နာရီကျော်ခန့်မှာ မြတ်မန္တလာထွန်းခရီးသည်တင်ကားကိုမှားယွင်းပစ်ခတ်ခံမိတာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တောင်းပန်လိုက်ပါတယ်။ ဒီလိုမှားယွင်းပစ်ခတ်ခံရမှုဟာ ထိခိုက်ဆုံးရှုံးရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကာယကံရှင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီ မောတောင်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ရေးဆက်လက်တင်းမာနေ

ဧပြီ၊ ၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်လမ်းက ကျေးရွာတွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)ဆီက သိရပါတယ်။ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်(BGF)ပူးပေါင်းအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

မတ်၊ ၂၂ တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်က ကျေးရွာနှစ်ရွာကို မနေ့က မတ် ၂၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အရပ်သားတကိုလည်း သေနတ်ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ တိုက်ပွဲတွေကြောင့် ဒေသခံတထောင်ကျော် ထပ်မံစစ်ရှောင်နေ

မတ်၊ ၁၅ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်စခန်းရှိတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုဝင်ရောက် ခိုက်တိုက်နေတာကြောင့် အရပ်သားတွေထောင်နဲ့ချီ ဘေးလွတ်ရာကို ထပ်မံရွေ့ပြောင်းနေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံမှ သိရပါတယ်။ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘုတ်ပြင်းမြို့နယ်မှာ တအိမ်တယောက် စစ်သင်တန်းတက်ရမယ်လို့ စစ်ကောင်စီ ဖိအားပေးနေ

မတ်၊ ၉   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ အိမ်ထောင်စုတခုကို တဦးနှုန်းနဲ့ စစ်သင်တန်းတက်ရောက်ဖို့ စစ်ကောင်စီအုပ်ချုပ်ရေးအပိုင်းက အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ယူထားတဲ့ တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေတဆင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်း၊ ဝိုင်းဒင်းရွာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ရေးတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံး

မတ်၊ ၅ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းကျေးရွာအနီးမှာ မတ် ၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်း ၈နာရီလောက်မှာ အင်အား ၅၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ စစ်ကောင်စီလက်ချက်နဲ့ ရွာသားခြောက်ဦးသေဆုံး

မတ်၊ ၄ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို ဒီကနေ့ မတ် ၄ ရက်မနက်ပိုင်းမှာပစ်ခတ်ဝင် ရောက်လာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သား ခြောက်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသ ခံတွေကပြောပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီး  အင်အား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရက်ချောင်းမြို့နယ်က စစ်ကောင်စီဆေးတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာ

ဖေဖော်ဝါရီ၊ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဆေးတပ်သားတဦးကလက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေဆီကို  CDM ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှာ တာဝန်ထမ်းဆောင်နေချိန် တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီ ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သရက်ချောင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ သုံးရက်အတွင်း CDMအများစုနဲ့ အရပ်သားတချို့အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊ ၂၃ တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ CDM ပညာရေးဝန်ထမ်းတွေနဲ့ အရပ်သားတချို့ အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သုံးရက်အတွင်း ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ် ။  ပုလောမြို့ပေါ်က ရက်ကွက်တချို့မှာ CDM ဝန်ထမ်းတွေ ပုန်းခိုနေတယ်ဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]