တာဝတိံသာက ဆိုက်ကားသမား (၀တ္ထုတို)

တာဝတိံသာက ဆိုက်ကားသမား (၀တ္ထုတို)

(၁) “လူဆိုတာအမြဲ…ယုံကြည်ရာတစ်ခုအတွက်….အသက်ကိုတောင်စတေးကြတာပဲ…. မင်းရဲ့ဘဝမှာ… ဘာကို ယုံကြည်မလဲ…ယုံကြည်ရာတစ်ခုအတွက်…အဆုံးတိုင်လျှောက်လှမ်းပါ…တစ်နေ့တော့ရောက်မှာပါ” PDFတွေ အားမာန်အပြည့်သံပြိုင်ဟဲနေကြတဲ့ ဗီဒီယိုကလစ်တစ်ခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)က သူတို့ Page မှာ တင်လိုက်တော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို ကျွန်တော် ပြန်လွမ်းသွားတယ်။ အဲဒီတုန်းက တပ်ရင်း(၁)၊ တပ်ရင်း(၂)ရယ်လို့ တပ်ရင်းတွေလည်း ခွဲမထားသေးပါဘူး။ တော်လှန်ရေးအင်အား စုတွေ တစ်စု တစ်စည်းတည်း စစ်ပညာတွေ သင်ကြားခဲ့ကြတာပေါ့။ သင်တန်းကွင်းနေရာက “ဝါးစခန်း”။ ဝါးရုံပင်တွေ ပတ်ပတ်လည်ဝိုင်းနေလို့ အလွယ်တကူပဲ “ဝါးစခန်း”…

Read More