စစ်ကောင်စီက နှစ်ရက်အတွင်း ဆားလင်းကြီးက ရွာလေးရွာကို မီးရှို့

စစ်ကောင်စီက နှစ်ရက်အတွင်း ဆားလင်းကြီးက ရွာလေးရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နှစ်ရက်အတွင်း ရွာလေးရွာကို စစ် ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး ဆက်သွယ်ရေး ဖြတ်တောက်ထားလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုအတိအကျမသိရသေးဘူးလို့ အဲ့ဒီမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အားတရာကျော်ဝန်းကျင်နဲ့ နိုဝင်ဘာ (၂၉) ရက်မှာ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း ရွာလေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီးပြီလို့ သိရပါတယ်။ အဲ့ဒီနှစ်ရက်အတွင်း ထန်းဇင်၊ လက်ပံကျွန်း၊ တောကျောင်းနဲ့ ဆားထုံးကျေးရွာတွေကို စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့တာ၊…

Read More
ဆားလင်းကြီးမှာ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးပစ်သတ်ခံရ

ဆားလင်းကြီးမှာ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲခစန်းကနေ ဆက်ကြေးထွက်ကောက်တဲ့ ရဲလေးဦးကို စောင့်ကြို တိုက်ခိုက်ရာမှာ လေးဦးလုံးသေဆုံးပြီး သေနတ် လေးလက် လည်းရရှိခဲ့တယ်လို့တိုက်ခိုက်မှုလုပ်ခဲ့တဲ့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။ “သူတို့က ပြည်သူ့ကုန်စုံဆိုင်တွေ ဆက်ကြေး ကောက်တာတွေ ရှိတယ်ဗျ၊ဆက်ကြေးကောက်ပြီး အပြန် ကြားဖြတ် တိုက်ခိုက်တာပါ”လို့ သူကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို အောက်တိုဘာ (၃)ရက်နေ့လ ယ်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီး ချိန်မှာ ပြည်သူအများအပြားရောက်လာလို့ ရဲဘော် တွေလုံခြုံရေးအရ သေနတ်…

Read More
ဆားလင်းကြီးမှာ Local PDF တွေဝန်းရံပြီး 7 July အထိမ်းအမှတ် သပိတ်ချီတက်

ဆားလင်းကြီးမှာ Local PDF တွေဝန်းရံပြီး 7 July အထိမ်းအမှတ် သပိတ်ချီတက်

မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ Local PDF တွေ ဝန်းရံပြီး ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားတဲ့ စျေးတစ်နေရာမှာ 7July နေ့အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ချီ တက်ခဲ့ကြပါတယ်။ “၇.၇.၆၂မမေ့ကြနဲ့” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည် အထိတွန်းလှန် ပုန်ကန်ပေးကြဖို့ ခေတ်အဆက်ဆက်ပေးဆပ်ခဲ့တဲ့လူငယ်တွေရဲ့အသက်တွေအတွက် ဒီခေတ်မှာ အပြီးသတ်ချေမှုန်းပစ်ကြဖို့တော်လှန်ရေးအရှိန်အဟုန်ကိုလူထုတစ်ရပ်လုံးပါဝင်ပြီးအရှိန်မြှင့်တင့်ကြဖို့ နဲ့အတူအညာဒေသကိုအညာကပြန်လှန်ကူညီဖေးမရင်း အားတင်းထားပေးဖို့ တိုက်တွန်းနှိုး ဆော်ခဲ့ကြပါတယ်။

Read More
ဆားလင်းကြီးလမ်းမ ၃ ခုကို အရေးပေါ်ခေတ္တပိတ်

ဆားလင်းကြီးလမ်းမ ၃ ခုကို အရေးပေါ်ခေတ္တပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လမ်းမ၃ခုကို အရေးပေါ်ခေတ္တပိတ်သိမ်းလိုက်ကြောင်း ဆား လင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒီနေ့ကစပြီး မုံရွာ-ပုသိမ်လမ်း၊ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းနဲ့ ဆားလင်းကြီး-ပေါင်းဝလမ်းတို့ကို အရေး ပေါ်ခေတ္တလမ်းပိတ်ထားမယ်လို့ ဒီကနေ့မွန်းလွဲ ၁နာရီလောက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူတွေ အသက်အန္တရာယ်မထိခိုက်စေလိုတာကြောင့် မလိုအပ်ဘဲ အပြင်မထွက်ဖို့ လည်း သတိပေးထားပါ တယ်။ လမ်းပြန်ဖွင့်မယ့်အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

Read More
စစ်တပ်ဝင်မီးရှို့ခဲ့တဲ့ရွာမှာ ဦးခေါင်းအရိုးစုနှစ်ခုတွေ့ရှိ

စစ်တပ်ဝင်မီးရှို့ခဲ့တဲ့ရွာမှာ ဦးခေါင်းအရိုးစုနှစ်ခုတွေ့ရှိ

အကြမ်းဖက်စစ်တပ်ဝင်ရောက်မီးရှို့ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ လင်းစာကျက်ရွာမှာ ဦးခေါင်းအရိုးစုနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။ ဇွန် ၁၂ ရက်နေ့၊ ညနေ ၆ နာရီလောက်မှာ လင်းစာကျက်ရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာကာ စာရင်းစာရွက်ကိုင်ပြီး နေရာသုံးနေရာခွဲ မီးရှို့ခဲ့ကြောင်းသိရပါတယ်။ စစ်တပ်မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၁၁၂ လုံး (အိမ်​​ ထောင်စု ၁၀၉ စု၊ ပြည်သူ ၅၀၀ ကျော်) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် ကျေးလက်ဆေးပေးခန်း ၂ လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။…

Read More
စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း​ဟေ့ စစ်ကိုင်းတိုင်းဟေ့

စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း​ဟေ့ စစ်ကိုင်းတိုင်းဟေ့

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသက ၅/လက်ပံတောင်း သပိတ်စစ်ကြောင်းဟာ ‘စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း​ဟေ့ စစ်ကိုင်းတိုင်းဟေ့’ ကြွေးကြော်သံနဲ့ ဒီနေ့ မနက်ခင်းမှာ သပိတ်မှောက်ဆန္ဒပြခဲ့ကြကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ Photo – ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး

Read More
စစ်ကား ၃ စီး ဆားလင်းကြီးမှာ ပဒေသာမိုင်း ၁၂ လုံးတွဲနဲ့တိုက်ခိုက်ခံရ၊ စစ်သားတွေ အသေအပျောက်များ

စစ်ကား ၃ စီး ဆားလင်းကြီးမှာ ပဒေသာမိုင်း ၁၂ လုံးတွဲနဲ့တိုက်ခိုက်ခံရ၊ စစ်သားတွေ အသေအပျောက်များ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ကနေတက်လာတဲ့ သံပြားကာစစ်ကား ၃ စီးကို ဒေါင်းမင်းအဖွဲ့က ပဒေသာမိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအသေအပျောက်များခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၈ နာရီလောက်မှ ာမိုင်းဆွဲခံရခြင်းဖြစ်ပြီး အဲဒီကား ၃ စီး မိုင်းကွင်းတည့်တည့်ရောက်ချိန်မှာ မိုင်းဆွဲခံရခြင်းဖြစ်တာကြောင့် အသေအပျောက်များခြင်းဖြစ်ကာ သေဆုံးအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ ‘မနေ့ညကရော ဒီမနက်ရော စစ်သားအသေ ၂၀ နဲ့…

Read More