ကော့ကရိတ်-မြဝတီလမ်းပိုင်းပေါ် ကား ၃ စီးမီးရှို့ခံရ

ကော့ကရိတ်-မြဝတီလမ်းပိုင်းပေါ် ကား ၃ စီးမီးရှို့ခံရ

ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်း၊ဆိပ်ဖူးတောင်ကြောမှာ ကား ၃ စီး မီးရှို့ခံရတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်း တပ်တို့ တိုက်ပွဲ ဖြစ်နေချိန် ခရီးသည်တင်မှန်လုံအမြန်ယာဉ်တစ်စီး အပါအဝင် ကား၃စီး မီးရှို့ခံရကြောင်း DNA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က မီးရှို့သလဲဆိုတာကို တော့မသိရသေးပါဘူး။ “အဲဒီမီးလောင်သတင်းကြားပြီးတော့ ကားတွေ အသွားအလာရပ်ကုန်တယ်။ KNU က ကြေညာပြီး သား၊လမ်းကြောင်းပိတ်ထားတယ်ဆိုတာကို”လို့…

Read More
ကော့ကရိတ်ဘက် တက်လာတဲ့ စစ်ကားတစ်စီး ဆွဲမိုင်းမိပြီးနောက်ပြန်ပြေး ၂ ဦးသေ

ကော့ကရိတ်ဘက် တက်လာတဲ့ စစ်ကားတစ်စီး ဆွဲမိုင်းမိပြီးနောက်ပြန်ပြေး ၂ ဦးသေ

ကရင်ပြည်နယ်၊ ကျုံဒိုးကနေ ကော့ကရိတ်ဘက် တက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ဆွဲမိုင်းမိပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ DNA ရဲ့ မြေပြင်ကင်းထောက်က ပြောပါတယ်။ ဒီနေ့မွန်းလွဲ ၃ နာရီလောက်မှာ ကျုံဒိုးနဲ့ကော့ကရိတ်ကြား ၇ တိုင်လမ်းဖြောင့်နေရာနားမှာ အကြမ်းဖက်စစ် ကား ၃ စီးကို KNLA၊ ကျားဖြူတပ်ခွဲ (၃) နဲ့ ဂဠုန်ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီး မြောင်းထဲကျကာ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။…

Read More
ကော့ကရိတ်-မြဝတီလမ်း ယာဉ်သွားလာခွင့်ယာယီပိတ်ကြောင်း KNU ထုတ်ပြန်

ကော့ကရိတ်-မြဝတီလမ်း ယာဉ်သွားလာခွင့်ယာယီပိတ်ကြောင်း KNU ထုတ်ပြန်

ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေပေါ်မှာ ယာဉ်သွားလာဖြတ်သန်းမှုကို မတ်လ၂၇ရက်နေ့ကစပြီး ယာယီရပ်ဆိုင်း ထားကြဖို့ KNU(ဒူးပလာယာခရိုင်)ကထုတ်ပြန်ပါတယ်။ ကော့ကရိတ်တောင်ပိုင်းနဲ့ လေးကေ့ကော်ဒေသမှာ တပ်စွဲပြီး ပြည်သူကို အနှောင့်အယှက် ပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကို ပြန်လည်ဆုတ်ခွာဖို့ ဒူးပလာယာခရိုင်အနေနဲ့ထုတ်ပြန်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဟာ မလိုက်နာတဲ့အပြင် စစ်အင်အားတိုးချဲ့မှုတွေကိုပါ ဆက်လက်လုပ်ဆောင်လာနေတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ကော့ကရိတ်-မြဝတီ နဲ့ မြဝတီ-​ဝေါ်​လေ လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ပြည်သူလူထုကို အကာအကွယ်ယူပြီး ဒူးပလာယာခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေအတွင်း…

Read More
မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကား ခလရ ၉၇ မိသားစုတွေ ပေါ်ပေါ်တင်တင်ပြောကြား

မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကား ခလရ ၉၇ မိသားစုတွေ ပေါ်ပေါ်တင်တင်ပြောကြား

ယမန်နေ့ညက ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ဝင်းအတိုက်ခံရပြီးနောက် မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကားသံဟာ တပ်တွင်းမိသားစုတွေကြား ကျယ် လောင်စွာပြောဆိုနေကြတယ်လို့ သိရပါတယ်။ ယမန်နေ့ည၉နာရီကျော်က ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)နောက်တန်းဌာနချုပ်အပါအဝင်၃နေရာ တိုက်ခိုက်ခံရပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ခလရ(၉၇)မိသားစုတွေကြား မင်းအောင်လှိုင်ဆန့်ကျင်ရေးကို အော်ဟစ်ပြောဆိုနေကြကြောင်း တပ်တွင်းမိသားစုဝင်တစ်ဦးကပြောပြတယ်လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။ ‘ဒီမနက်မှာပြောနေကြတာ။မင်းအောင်လှိုင်အာဏာရူးလို့ ငါတို့မိသားစုတွေဘဝပျက်ရတာ၊မင်းအောင်လှိုင်အ တွက်ထပ်အသေမခံနိုင်ဘူး၊မကျေနပ်ရင် လာဖမ်းသွား၊ထောင်ထဲမှာဆို အခုထက်ပိုပြီး ကောင်းကောင်းစား နိုင် မယ်ဆိုတာမျိုး ဆန္ဒပြကြတာတော့မဟုတ်ဘူး။သူတို့ချင်းကြား အပြန်အလှန် အော်ဟစ်ပြောနေကြတယ်လို့ ပြန်သိရတယ်’လို့ သူကပြောပါတယ်။…

Read More
ရတခတိုင်းမှူးလုံခြုံရေးယာဉ်တန်း အတိုက်ခံရ

ရတခတိုင်းမှူးလုံခြုံရေးယာဉ်တန်း အတိုက်ခံရ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။ အရှေ့တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးရဲ့ လုံခြုံရေးယာဉ်တန်းကို ခွဲထွက် DKBAက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၄ဦးသေဆုံးပြီး G1အဆင့်ရှိ အရာရှိတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ရက်နေ့ မနက်ပိုင်းမှာ ကော့ကရိတ်မြို့ကနေ မြဝတီမြို့ကို ထွက်လာတဲ့ ရတခတိုင်းမှူးရဲ့ ယာဉ်တန်းကို ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ခွဲထွက် DKBAက ကြားဖြတ်တိုက်ခိုက်ရာမှာ လုံခြုံရေးယူလိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို ထိခိုက်သွားတာဖြစ်တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “တိုင်းမှူးက မြဝတီတက်တာလို့ပြောတယ်။…

Read More
စစ်အုပ်စုက အမျိုးသမီးတစ်ဦးကို လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာ

စစ်အုပ်စုက အမျိုးသမီးတစ်ဦးကို လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးလာ

၁ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ စက်တင်ဘာလ ၁ရက်နေ့ မနက်ပိုင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ပိုင်ကလာဒုံအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KUNတို့ တိုက်ပွဲဖြစ်ပွါးပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်သူ အသက် ၃၀ကျော်အရွယ် နော်မူထိခေါင်ကို ဖမ်းဆီးခဲ့ပါတယ်။ နေ့လည် ၂နာရီခန့်မှာတော့ စစ်အုပ်စုက သူတို့ဖမ်းဆီးထားတဲ့ နော်မူထိခေါင်ကို အရှေ့မှာ လူသားဒိုင်းအဖြစ် ထားရှိပြီး ပိုင်ကလာဒုံကျေးရွာကနေ ယာကျကျေးရွာဖက်ကို စစ်ကြောင်းဆက်ထိုးလာတယ်လို့ သိရပါတယ်။…

Read More
ကြာအင်းဆိပ်ကြီးက အကြမ်းဖက်စစ်အုပ်စု စစ်ကူကား ၁၅စီး ကော့ကရိတ်ကို တက်လာ

ကြာအင်းဆိပ်ကြီးက အကြမ်းဖက်စစ်အုပ်စု စစ်ကူကား ၁၅စီး ကော့ကရိတ်ကို တက်လာ

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။ ကော့ကရိတ်မြို့နယ် ကွင်းကလေး (ယွာဖိုး) အနီးမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို စစ်ကူဖို့အတွက် ကြာအင်းဆိပ်ကြီးကနေ စစ်အုပ်စုရဲ့ စစ်ကား ၁၅စီးဟာ ကော်သနော့ရွာနဲ့ ကွင်းကလေးလေးရွာအနီးမှာရှိတဲ့ ကျိုက်ဒုံမြို့ကို ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁၁နာရီခန့်မှာ တက်လာနေတယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။   ကွင်းကလေးကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စုနဲ့ KNUအကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုက အကျအဆုံးရှိနေတာကြောင့် အခုလို…

Read More
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်အုပ်စုက ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး ပြည်သူတွေကို ပေါ်တာဆွဲနေ

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်အုပ်စုက ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး ပြည်သူတွေကို ပေါ်တာဆွဲနေ

၂၃၊ ဩဂုတ်လ၊ ၂၀၂၁။ ကော့ကရိတ်မြို့နယ် ကွင်းကလေးကျေးရွာ အနီးမှာ ဩဂုတ်လ ၂၃ရက်နေ့ နေ့လည်ပိုင်းက အကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲဖြစ်ပွါးပြီးနောက်မှာ အကြမ်းဖက်စစ်အုပ်စုက ကော်သနော့ကျေးရွာ ဥက္ကဌ စောကျာ်သိန်းနဲ့ အတွင်းရေးမှူး စောကျော်ဘိုးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာသားတွေကိုပါ ပေါ်တာဆွဲနေတာကြောင့် ရှောင်တိမ်းနေကြရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်အောက်ခံ BGFတို့ဟာ ကွင်းကလေးကျေးရွာအနီး ချောင်းတစ်ဘက်ကမ်းမှာ စခန်းချထားပြီး အနီးကျေးရွာ ပြည်သူတွေကို…

Read More