နိုင်ငံရေး

မြစ်ကြီးနားမှာ ဒေသခံသုံးဆယ်ကျော်ကိုစစ်တပ်က လူသားဒိုင်းလုပ်ပြီးဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ငွေစံပျော်ကျေးရွာနားမှာ မနေ့ဒီဇင်ဘာ ၁၀ရက်ညနေပိုင်းက စစ်ကောင်စီတပ်တွေဟာ ဒေသခံအယောက် ၃၀ ကျော်ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ညနေ၃နာရီလောက်မှာ လမ်းတလျောက် လူသားဒိုင်းလုပ်ပြီးဖမ်းခေါ်သွားပြီး ညနေ ၅နာရီလောက်မှာပြန်လွှတ်ပေးလိုက်တယ်လို့လည်းဆိုပါတယ်။   “ငွေစံပျော်ကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လူသားဒိုင်းအဖြစ် စစ်တပ်ကဖမ်းသွားတဲ့ ဖားကန့်ဒေသခံတွေပြန်လွတ်လာ

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းထိုးလာချိန်မှာ ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ်အသုံးချခံခဲ့ရတဲ့ ဒေသခံတွေ ဒီကနေ့ ဒီဇင်ဘာ(၈)ရက်မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ “သူတို့ စစ်တပ်တွေလည်း စစ်ကြောင်း ထိုးနေတဲ့အချိန်နဲ့ အဲ့ပြည်သူတွေလည်း လမ်းမှာ ဖြတ်သွားတဲ့အချိန် တိုက်နေတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူတာအိုကနေဆင်းလာတဲ့စစ်ယာဉ်တန်း မြစ်ဆုံမှာ မိုင်း ၁၆လုံးနဲ့ တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ယာဉ်တန်းကို မြစ်ဆုံ ၊တန်ဖဲကျေးရွာနဲ့ ကျိန်ခရန်ကျေးရွာကြား မှာ မိုင်း၁၆လုံးနဲ့တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ဇွန်လ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတောF(KIA)နဲ့ ကချင်ဒေသကာကွယ်ရေးတပ်(KPDF) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ကနေ ဆင်းလာတဲ့စစ်ယာဉ်တန်း အင်းတော်မှာ မိုင်းနှစ်ကြိမ်ထိ၊ အသေအပျောက်များနိုင်

ကချင်ပြည်နယ်ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို အင်းတော်မြို့နယ်အတွင်း မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ရာအသေအပျောက်များနိုင်တယ်လို့သိရပါတယ်။ ကချင်ပြည်နယ် မိုးညှင်း အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်ကနေ မန္တလေးဘက်ကို ဇွန်၁၅ရက်နေ့ မနက ၁၂နာရီ၂၄မိနစ် ကထွက်လာတဲ့ ကား၃၃စီးပါ စစ်ယာဉ်တန်းကို KIAနဲ့ ကသာခရိုင် တပ်ရင်း(၂) အင်းတော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမှာတိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်သား ၅၀လောက်သေဆုံးတယ်လို့ပြေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်သား၅၀လောက် သေဆုံးခဲ့ကြောင်း မြို့လှPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရွာကနေ ကျောက်ကြီးရွာဘက် ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ခမရ ၄၁၅ တပ်နဲ့ မြို့လှ KPDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီး တိုက်ခိုက်ခံရ၊ ဆလင်ခန်းထိမှန်

ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောသုံးစီးကို မြို့လှ KPDF တပ်က လမ်းခုလတ် မြစ်ကမ်းတနေရာက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးရဲ့ ဆလင်ခန်း ထိမှန်ခဲ့ ကြောင်းသိရပါတယ်။ H-22 လက်လုပ်ရှေ့ပြေးမိုင်း ၄ လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်း၊မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်နိုင်

ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်းလာပြီမို့ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ် နိုင်တာကြောင့် သတိရှိကြဖို့ မြို့လှPDF က သတင်းထုတ်ပြန်ပါတယ်။ စစ်သင်္ဘောသုံးစီးဟာ ဒီ‌ေန့မနက်၆နာရီ၃၅မိနစ်လောက်က ရွှေကူမြို့ဆိပ်ကမ်းကနေ ပရိဘောဂနဲ့တခြားပ စ္စည်းတွေတင်ဆောင်ကာ စတင်စုန်ဆင်းလာခြင်းဖြစ်ပါတယ်။ ‘PDFတွေက စစ်သင်္ဘော တွေကို တိုက်ခိုက်တယ်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမှာ အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊စစ်သားတွေ သေဆုံးနိုင်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ဇွန် ၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ရွှေကူမြို့နယ်အတွင်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ရွာကနေ ဆင်တပ်ရွာဘက် စစ်သား ၄၀ လောက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ စစ်အုပ်စုနဲ့ KIAတို့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်မြောက်ရေးတပ် KIAတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၇ရက်နေ့ မနက် ၇နာရီလောက်က စတင်ကာ ဆိုင်းတောင်ကျေးရွာ မှော်ရှန်အောင်စုကျော် အနီးမှာ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးကောင်းမြို့ လျှပ်စစ်ရုံးအနီး ဗုံးပေါက်

ကချင်ပြည်နယ် မိုးကောင်းမြို့ လျှပ်စစ်မီတာရုံးနဲ့ ကပ်လျက်ရှိတဲ့ နေအိမ်တစ်ခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၅ ရက်နေ့က မနက် ၃ နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။ [ဆက်လက်ဖတ်ရှုရန်]