1. Home
  2. ဒေသအလိုက် သတင်းကဏ္ဍ

Category: ဒေသအလိုက် သတင်းကဏ္ဍ

ဒေသအလိုက် သတင်းကဏ္ဍ
ဧရာဝတီတိုင်းအတွင်း ကြိုးတံတားလေးစင်း အစားထိုးတည်ဆောက်မည်

ဧရာဝတီတိုင်းအတွင်း ကြိုးတံတားလေးစင်း အစားထိုးတည်ဆောက်မည်

၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိကမြို့ကြီးတွေကိုဆက်သွယ်ထားတဲ့ကြိုးတံတား ၇ စင်းရှိပြီး အဲ့ဒီအထဲက တံတားကြံ့ခိုင်ရေးအားနည်းလာတဲ့ကြိုးတံတား လေးစင်းကိုအစားထိုးတည်ဆောက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊လမ်းပန်းဝန်ကြီးကပြောပါတယ်။ လက်ရှိမှာတော့ တံတားတည်ဆောက်ဖို့ ဂျပန်ပညာရှင်တွေနဲ့တိုင်ပင်နေပြီး လာမည့်ဘဏ္ဍာနှစ်မှာစတင်တည်ဆောက်သွားမယ်လို့သိရပါတယ်။ အစားထိုးတည်ဆောက်ရမယ့် ကြိုးတံတားတွေအနေနဲ့ တံတားကြံ့ခိုင်ရေးတွေအားနည်းနေတဲ့အတွက် ခံနိုင်ဝန်တန်ချိန်တွေလျှော့ချသတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပုသိမ်တံတားသစ် လည်းတည်ဆောက်ဖို့လျာထား ထားပါသေးတယ်။ ပျက်ကျသွားတဲ့မြောင်းမြကြိုးတံတား နေရာမှာ အသစ်တည်ဆောက်နေတဲ့ မြောင်းမြတံတားသစ်ကတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာဖွင့်လှစ်နိုင်မယ်လို့သိရပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ
တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့ မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေ ၃ နှစ်အတွင်း တစ်နိုင်ငံလုံးအကောင်အထည်ဖော်မည်

တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့ မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေ ၃ နှစ်အတွင်း တစ်နိုင်ငံလုံးအကောင်အထည်ဖော်မည်

၉ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ တရားစီရင်ရေးနစ် ပိုပြီးပွင့်လင်းမြင်သာစွာ နဲ့ ထိရောက်မှုရှိစေဖို့။ တရားစီရင်ရေးမဟာဗျူဟာကိုရေးဆွဲအကောင်အထည်ဖော်နေတာမှာ၃နှစ်အတွင်း မှုခင်းစီမံခန့်ခွဲမှုတရားရုံးတွေတစ်နိုင်ငံလုံးအကောင်အထည်ဖော်ဖို့ရှိနေတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းအောင် ကပြောပါတယ်။ လက်ရှိနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် စနစ်နဲ့သင့်လျှော်တဲ့ တရားစီရင်ရေးစနစ်ကို ပြောင်းလဲနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ကပြောပါတယ်။ လက်ရှိမှာတော့ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ပုသိမ်မြို့နယ်အပါအဝင် ရှေ့ပြေးတရားရုံး ၈ ရုံးနဲ့မူခင်းစီမံခန့်ခွဲမှုတရားရုံး ၁၈ ရုံး ရှိတဲ့အတွက် မူခင်းစီမံခန့်ခွဲမှုကျင့်သုံးနေတဲ့ တရားရုံး ၂၆ ရုံးရှိနေပြီဖြစ်ပါတယ်။…

ဒေသအလိုက် သတင်းကဏ္ဍ
ဧရာဝတီတိုင်းမှာ ဒီလကုန်က စတင်ပြီး မြို့ဝင်ကြေးဘီးခွန်ကောက်ခံတဲ့ စနစ်ပြောင်းလဲ ကျင့်သုံးမယ်

ဧရာဝတီတိုင်းမှာ ဒီလကုန်က စတင်ပြီး မြို့ဝင်ကြေးဘီးခွန်ကောက်ခံတဲ့ စနစ်ပြောင်းလဲ ကျင့်သုံးမယ်

၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့တွေရဲ့ မြို့ဝင်ကြေးဘီးခွန် ကောက်ခံနေမှုတွေကို ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီလို မြို့အဝင်တွေမှာ ဘီးခွန်ကောက်ခံတဲ့ စနစ်အစား ကညန နှင့်ပူးပေါင်းပြီး ဘီးခွန် ကောက်ခံတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ် ။ Unicode ဧရာဝတီတိုင်းမှာ ဒီလကုန်က…

ဒေသအလိုက် သတင်းကဏ္ဍ
ကြံခင်းမြို့နယ်က အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင်လမ်း ပြင်ဖို့ လွှတ်တော်မှာ မေးခွန်းမေး

ကြံခင်းမြို့နယ်က အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင်လမ်း ပြင်ဖို့ လွှတ်တော်မှာ မေးခွန်းမေး

၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကြံခင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ထဲက အုတ်တွင်း- ရေနံတောင် – ထိန်ပင်မြှောင်လမ်း ပြင်ဆင်ပေးဖို့အခြေအနေကိုကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့တာပါ ။ ဒီမေးခွန်း နဲ့ ပါတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ တင်ပြတောင်းခံသွားမှာ ဖြစ်ပြီးရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ် ။ Unicode ကြံခင်းမြို့နယ်က…

ဒေသအလိုက် သတင်းကဏ္ဍ
အိမ်မဲမြို့နယ်က ကျွဲလမ်း-ကမ်းနား ထိန်ငူလမ်း လာမယ့်နှစ်မှာ ပြင်ဆင်အဆင့်မြှင့်မယ်

အိမ်မဲမြို့နယ်က ကျွဲလမ်း-ကမ်းနား ထိန်ငူလမ်း လာမယ့်နှစ်မှာ ပြင်ဆင်အဆင့်မြှင့်မယ်

၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ အိမ်မဲမြို့နယ်က ၁ မိုင် ၃ ဖာလုံကျော်ရှည်တဲ့ ကျွဲလမ်း-ကမ်းနား ထိန်းငူလမ်းကို အဆင့်မြှင့်တင်ပေးဖို့ အစီအစဉ် ရှိမရှိကို ဒီနေ့ပြည်သူ့လွှတ်တော်မှာ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာကကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ပါတယ် ။ ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက ဒီ ကျွဲလမ်း – ကမ်းနား ထိန်ငူလမ်းက ၂၀၁၈-၂၀၁၉ ငွေလုံးငွေရင်းမှာ မပါပေမယ့် ပြည်ထောင်စုပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေနဲ့ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းဖြစ်ဖို့…