1. Home
  2. ဒေသအလိုက် သတင်းကဏ္ဍ

Category: ဒေသအလိုက် သတင်းကဏ္ဍ

ဒေသအလိုက် သတင်းကဏ္ဍ
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ရှစ်ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ရှစ်ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

၂၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။ ငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း နေအိမ်ထဲကို တောဆင်ရိုင်းရှစ်ကောင်၀င်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တင်းချောင်းကျေးရွာအုပ်စု သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၈၉)မှ နေအိမ်တစ်အိမ်ကို တောဆင်ရိုင်း ရှစ်ကောင်က ၀င်ရောက်ဖျက်စီးခဲ့ပြီး ဆင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှ အသက် ၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ “သူတို့ မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေက၀င်လာတော့ ထွက်ပြေးကြတာ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီး ထွက်ပြေးတော့ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ နံရိုးကျိုးသွားတယ်ထင်တယ်…

ဒေသအလိုက် သတင်းကဏ္ဍ
မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း ပိုင်ရှင်မဲ့ ဆင်သားရေအခြောက်များတွေ့ရှိ

မြန်အောင်သစ်တောကြိုးဝိုင်းအတွင်း ပိုင်ရှင်မဲ့ ဆင်သားရေအခြောက်များတွေ့ရှိ

၁၈ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းအတွင်း ပိုင်ရှင်မဲ့ဆင်သားရေခြောက် အမြောက်အများကို စက်တင်ဘာ ၁၇ရက်နေ့ ညနေပိုင်းက သိမ်းဆည်းရမိခဲ့ပါတယ်။ အကွက်အမှတ်(၅၀)အတွင်း ဒေသအခေါ် ခွေးပိချောင်းအနီးတောစပ်မှာ အလျား ၅လက်မ အနံ ၃လက်မခန့်ရှိတဲ့ ဆင်သားရေအခြောက် စုစုပေါင်း ၁၀၉ခုကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောပါတယ်။ “အင်ပင်ရဲစခန်း အပိုင် မျှင်ဝါးတောင် ကျေးရွာအုပ်စုထဲက…

ဒေသအလိုက် သတင်းကဏ္ဍ
မိန်းမကို သတ်ပြီးရမ်းကားသူကို ရဲသုံးယောက်ဝင်ဖမ်းရာမှာ အသီးသီးဒဏ်ရာရ

မိန်းမကို သတ်ပြီးရမ်းကားသူကို ရဲသုံးယောက်ဝင်ဖမ်းရာမှာ အသီးသီးဒဏ်ရာရ

၂၉ ၊ သြဂုတ်လ ၊ ၂၀၂၀ ။ မိန်းမကို ဓားနဲ့ထိုးတဲ့ တရားခံကို သွားဖမ်းတဲ့ ရဲသုံးဦး ဓားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲမှုးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ “အမျိုးသမီးကအခင်းဖြစ် နေရာမှာ သေဆုံးပြီး ဒဏ်ရာရလို့ ဆေးကုသမှုခံယူနေသူတွေကတော့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး ၊ ကျူးလွန်သူကိုလည်း သက်သေခံလက်နက်နဲ့ဖမ်းမိပါ တယ်”လို့ ပြောခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဆင်ကူးကျေးရွာက ဦးဖိုးတက်က သူ့ဇနီးဖြစ်သူ ဓော်မော်မော်သန်းကို ဓားနဲ့ထိုးခဲ့ပြီး…

ကျန်းမာရေး
မအူပင်မှာ ရခိုင်​ပြန်တစ်ဦး ဆေးရုံကိုပို့စဉ် ထွက်ပြေး

မအူပင်မှာ ရခိုင်​ပြန်တစ်ဦး ဆေးရုံကိုပို့စဉ် ထွက်ပြေး

၂၉ ၊ သြဂုတ်လ ၊ ၂၀၂၀ ။ ရခိုင်ပြန်အမျိုးသားတစ်ဦးဟာ မအူပင်ဆေးရုံဆီ ပို့ဆောင်ခံရစဥ် ထွက်ပြေးသွားခဲ့တယ်လို့ COVID-19ရောဂါထိန်းချုပ်ရေးနဲ့ အချိန်မီတုံပြန်ရေး ကော်မတီက ပြောပါတယ်။ အဲဒီအမျိုးသားဟာ ကိုယ်အပူချိန် မြင့်နေလို့ မအူပင်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်စဉ် ဆေးရုံအ၀မှာ ထွက်ပြေးခဲ့တာ ဖြစ်ပြီး မအူပင်​မြို့အမှတ်၊၉ရပ်ကွက်၊အောင်မေတ္တာလမ်းမှာ ပြန်လည်ဖမ်းဆီး ရမိခဲ့ပါတယ်။ “ အပူချိန်က ၉၉ ဒဿမ ၆ ဖာရင်ဟိုက် ရှိနေတာကြောင့် ဆေးရုံမှာကုသ ဖို့လိုအပ်ပါတယ် အသက်ရှုကြပ်တာတို့…

ဒေသအလိုက် သတင်းကဏ္ဍ
ဧရာဝတီတိုင်းအတွင်း ရေကြောင်းကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးဆယ်ကျော်ကို ဖမ်းမိ

ဧရာဝတီတိုင်းအတွင်း ရေကြောင်းကနေ ခိုးဝင်လာတဲ့ ဘင်္ဂါလီ လေးဆယ်ကျော်ကို ဖမ်းမိ

၂၇ ၊ ဩဂုတ်လ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်းအတွင်းကို ခိုးဝင်လာတဲ့ ဘင်္ဂါလီ (၄၂)ဦးပါ စက်လှေတစ်စီးကို သြဂုတ်လ ၂၇ရက်နေ့ညနေပိုင်းက ဘိုကလေးမြစ်ဝအနီးမှာ ဖမ်းမိခဲ့ပါတယ်။ လှိုင်းဘုန်း နယ်မြေရဲတပ်ဖွဲ့နဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်​တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဘင်္ဂါလီ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၂၉)ဦးနဲ့ ကလေးငယ် (၂)ဦးကို ဖမ်းမိတဲ့အပြင် စက်လှေနဲ့ ပို့ဆောင်ပေးသူ (၅)ဦးကိုပါ ဖမ်းမိတာလို့…

ဒေသအလိုက် သတင်းကဏ္ဍ
နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဖမ်းလိုက်ပြီ

နိုင်ငံတော်ပိုင်ငွေ အလွဲသုံးစားမှုနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို ဖမ်းလိုက်ပြီ

၃၁ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။ နိုင်ငံတော်ပိုက်ဆံတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ ‌မြောင်းမြမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အရေးယူဖို့ ပြင်ဆင်နေပါပြီ။ ကံဘဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက အိမ်ထောင်စု ၂၇၃ စုအတွက် အစိုးရထောက်ပံ့ငွေ ၅၄ သိန်းကျော်ကို ထုတ်ယူပြီး တိမ်းရှောင်နေတာ‌ကြောင့် မြောင်းမြမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က မြောင်းမြမြို့နယ်ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ အဲဒီလို တိုင်ကြားအပြီး ဇူလိုင်လ ၃၀ ရက်နေ့ မနေ့ကပဲ ဦးတင်မောင်ဝင်းကို ဖမ်းဆီးမိခဲ့ပြီလို့…

ဒေသအလိုက် သတင်းကဏ္ဍ
ဒီချုပ်ပါတီတိုင်းလွှတ်တော်အမတ်လောင်းစာရင်း လူဟောင်း ၂၀ သာပြန်ရွေးချယ် (ပြည်သူနဲ့ထိတွေမှုနည်းလို့ လူဟောင်းအချို့ကို ချန်ထားခဲ့တာပါ)

ဒီချုပ်ပါတီတိုင်းလွှတ်တော်အမတ်လောင်းစာရင်း လူဟောင်း ၂၀ သာပြန်ရွေးချယ် (ပြည်သူနဲ့ထိတွေမှုနည်းလို့ လူဟောင်းအချို့ကို ချန်ထားခဲ့တာပါ)

၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၀ ဇူလိုင်လ ၂၃ ရက်နေ့က ဒီချုပ်ပါတီက လာမယ့်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အဟောင်းထဲက လူ ၂၀ ကိုပဲ ပြန်ရွေးချယ်ခဲ့တာပါ ။ ဧရာဝတီတိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိပြီး ၊ တစ်မြို့နယ်အတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ ဦးစီ ရွေးချယ်ရတာ ဖြစ်လို့…

ဒေသအလိုက် သတင်းကဏ္ဍ
ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းကို ၃ ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကျွန်တော်တို့ မပြောပါဘူး ( ဒေါက်တာမျိုးညွန့်)

ဒီချုပ်ကိုယ်စားလှယ်လောင်းစာရင်းကို ၃ ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကျွန်တော်တို့ မပြောပါဘူး ( ဒေါက်တာမျိုးညွန့်)

၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၀ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီချုပ်ပါတီက ၂၃ ရက်နေ့က ထုတ်ပြန်အပြီးမှာ ဒီစာရင်းထဲက ကိုယ်စားလှယ်လောင်းတွေကို ကျေနပ်မှုမရှိရင် သုံးရက်အတွင်း ကန့်ကွက်နိုင်တယ်ဆိုပြီး သတင်းအမှား ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီကိစ္စကို Delta News Agency က ဒီချုပ်ပါတီရဲ့ CEC တစ်ဦးလည်းဖြစ် ၊ ဧရာဝတီတိုင်းဥက္ကဌလည်း ဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကို…

ဒေသအလိုက် သတင်းကဏ္ဍ
ဦးဌေးဦး နှင့် ဦးသိန်းအောင်တို့ ရွေးကောက်ပွဲဝင်မည်

ဦးဌေးဦး နှင့် ဦးသိန်းအောင်တို့ ရွေးကောက်ပွဲဝင်မည်

၂၂ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။ နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ နာယကတွေ ဖြစ်တဲ့ ဦးဌေးဦး နှင့် ဦးသိန်းအောင်တို့ ပြန်ပြီးအရွေးခံမယ်လို့ ပါတီရဲ့အတွင်းလူတစ်ဦးက Delta News Agency ကိုပြောပါတယ်။ “အခုလက်ရှိတော့ ပြိုင်မယ့်အနေအထားမှာ ရှိတယ် ၊ အနားကပ်သွားမှ အပြောင်းအလဲ ဖြစ်သွားရင်တော့ မသိဘူးပေါ့”လို့ ဆိုပါတယ်။ ဦးဌေးဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ်…

ပုသိမ်မြို့လယ်ခေါင်က ကားဂိတ်ကို မြို့ပြင်မရွှေ့ရေး ယာဥ်လိုင်းတာဝန်ခံတွေ တောင်းဆို

၂၁ ၊ ဇွန်လ ၊ ၂၀၂၀ ။ ပုသိမ်မြို့လယ်ခေါင်က ကားလက်မှတ်အရောင်းဌာနနဲ့ ခရီးသည်ကြိုပို့ဂိတ် မရွှေ့ပြောင်းရေးအတွက် ယာဥ်လိုင်း၂၂လိုင်းကတာ၀န်ခံတွေဟာ ဒီနေ့မှာ တိုင်းကော်မတီ ရုံးမှာတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ လူစုလူဝေးဖြစ်ပွားတာနဲ့ ယာဥ်ကြောပိတ်ဆို့မူတွေကြောင့် အဝေးပြေးကား၀င်းဆီကိုရွှေ့ပြောင်းကြဖို့ ဇွန်လ၃ရက်နေ့မှာ စာထုတ်ပြန်ခဲ့တာနဲ့ပတ်သတ်ပြီး ယာဥ်ပိုင်ရှင်တွေရဲ့ အခက်အခဲကို လာရောက်တင်ပြကြတာလို့ယဥ်လိုင်းတာ၀န်ခံတစ်ဦးကပြောပါတယ်။ အခုလိုရွှေ့ပြောင်းဖို့ အမိန့်ဟာ အစိုးရအဖွဲ့က ထုတ်ပြန်တာဖြစ်တာကြောင့် ယဥ်လိုင်းတာ၀န်ခံတွေရဲ့တင်ပြချက်တွေကို တိုင်းအစိုးရအဖွဲ့ဆီ တင်ပြပေးသွားမယ်လို့ ပုသိမ်ခရိုင်ပုဂ္ဂလိကမော်တော်ယာဥ်လုပ်ငန်းယာဥ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဌကပြောပါတယ်။ နှစ်ပေါင်း၂၀ကျော်ကြာ သက်တမ်းရှိတဲ့ ပုသိမ်မြို့…