1. Home
  2. ဒေသအလိုက် သတင်းကဏ္ဍ

Category: ဒေသအလိုက် သတင်းကဏ္ဍ

ဒေသအလိုက် သတင်းကဏ္ဍ
မြန်အောင်မြို့မြစ်ကမ်းထိန်း တာပြုပြင်ရေး ကျပ်သန်း၄၀၀ အသုံးပြုမယ်

မြန်အောင်မြို့မြစ်ကမ်းထိန်း တာပြုပြင်ရေး ကျပ်သန်း၄၀၀ အသုံးပြုမယ်

၂၃ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်း၊ မြန်အောင်မြို့က ဧရာဝတီမြစ်ရေ တိုက်စားခံရတဲ့ ကမ်းထိန်းတာ နှစ်ခုကို ပြုပြင်ဖို့ ကျပ်သန်း ၄၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရပြောခွင့်ရ လျှပ်စစ်စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ မြန်အောင်မြို့ မကျီးစုတာနဲ့ လွန်ဆေးမြိုင်ပန်းခြံ မြစ်ကမ်းထိန်းတာလုပ်ငန်း တစ်ခုစီကို ကျပ်သန်း ၂၀၀စီအသုံးပြုဖို့ ၂၀၂၀ /၂၀၂၁ခုနှစ် တိုင်းဒေသကြီး ​ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာပါ။ “ပြီးခဲ့တဲ့…

ဒေသအလိုက် သတင်းကဏ္ဍ
မြေဧကတစ်သောင်းကျော်ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးခဲ့ပေမယ့် တပ်သိမ်းမြေနဲ့ ဌာနဆိုင်ရာ သိမ်းမြေတွေ ကျန်ရှိနေသေး

မြေဧကတစ်သောင်းကျော်ကို မူလပိုင်ရှင်တွေဆီ ပြန်ပေးခဲ့ပေမယ့် တပ်သိမ်းမြေနဲ့ ဌာနဆိုင်ရာ သိမ်းမြေတွေ ကျန်ရှိနေသေး

၁ ၊ ဒီဇင်ဘာ ၁ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ ၅နှစ်တာ ကာလအတွင်း စွန့်လွှတ်မြေ ဧက ၁သောင်း ၂ထောင်ကျော်ကို မူလပိုင်ရှင် တောင်သူ ၂ထောင်ကျော်ထံ ပြန်လည်ပေးအပ်ခဲ့​ပေမယ့် တပ်သိမ်းမြေနဲ့ ဌာနဆိုင်ရာ သိမ်းမြေအချို့ ကျန်ရှိနေသေးပါတယ်။ ပြန်လည်စွန့်လွှတ်တဲ့ သိမ်းဆည်းမြေတွေအနက် ပုသိမ် ရွှေသောင်ယံ ၊ မအူပင် ၊ ပန်းတနော် ၊မြောင်းမြ အပါအဝင် တိုင်းအတွင်း ဒေသအချို့က တပ်သိမ်း…

ဒေသအလိုက် သတင်းကဏ္ဍ
လာမယ့် နှစ်ရက်အတွင်း ဧရာဝတီမှာ ညအပူချိန်တိုးမယ်

လာမယ့် နှစ်ရက်အတွင်း ဧရာဝတီမှာ ညအပူချိန်တိုးမယ်

  ၂၄ ၊ နိုဝင်ဘာ၊ ၂၀၂၀။ လာမယ့် နှစ်ရက်အတွင်း ဧရာဝတီတိုင်းမှာ ညအပူချိန်အနည်းငယ်တိုးလာနိုင်​ပြီး တိမ်အသင့်အသင့် ဖြစ်ထွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စိုးစိုးလွင်ကပြောပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၄)ပေမှ (၇)ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒီနေ့မနက် ၅နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ရဲ့.အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်နဲ့ ချင်းနိုင်မြို့ရဲ့…

ဒေသအလိုက် သတင်းကဏ္ဍ
ဧရာဝတီတိုင်းမှာ မိုးရွာဦးမယ်

ဧရာဝတီတိုင်းမှာ မိုးရွာဦးမယ်

၁၁ ၊ နိုဝင်ဘာ၊ ၂၀၂၀။ နိုဝင်ဘာလ ၁၀ရက်နေ့မနက် ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းမှာ နေရာကွက်ပြီး မိုးထစ်ချုပ်ရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စိုးစိုးလွင်ကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်ပါတယ်။ ဒါ့အပြင် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ ၃ပေမှ ၆ ပေအထိ ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ နောက်(၂)ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊…

ဒေသအလိုက် သတင်းကဏ္ဍ
နှိပ်ခိုင်းတဲ့ ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ဓားမနဲ့ခုတ်သတ်

နှိပ်ခိုင်းတဲ့ ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ဓားမနဲ့ခုတ်သတ်

၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာမှာ အမျိုးသမီးတစ်ဦးက နှိပ်ခိုင်းတဲ့ ခင်ပွန်းဖြစ်သူကို ဓားနဲ့ ခုတ်သတ် တဲ့အမှု အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အသက် ၃၈နှစ်အရွယ် ဦးထွန်းထွန်းလင်းကို အသက် ၃၅နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်သီသီအေးက ဓါးမနဲ့ ခုတ်သတ်ခဲ့တာပါ။ ထမင်းအိုးတည်နေချိန်မှာ ခင်ပွန်းက ထပ်မံ နှိပ်ခိုင်းရာက စကားများ…

ဒေသအလိုက် သတင်းကဏ္ဍ
အင်္ဂပူမြို့မှာ လူတစ်ဦးရထားကြိတ်ခံရ

အင်္ဂပူမြို့မှာ လူတစ်ဦးရထားကြိတ်ခံရ

၂၇ ၊‌ အောက်တိုဘာလ ၊ ၂၀၂၀ ။ (သတင်းတို) ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်မှာ ဒီကနေ့နေလည်ပိုင်းက အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ဟင်္သာတကနေ ကြံခင်းကို မောင်းနှင်လာတဲ့ အမှတ်(၁၈၅) အဆန်လူစီးရထားဟာ ထန်းပင်ကုန်ဘူတာနဲ့ အင်္ဂပူဘူတာအကြား မိုင်တိုင် (၁၃၀/၉ နဲ့ ၁၃၀/၁၀)ကြားမှာ အမျိုးသားတဦးကို ကြိတ်မိခဲ့တာပါ။ “ဟုတ်ပါတယ်။ဒီနေ့နေလည်းပိုင်းက ဖြစ်တာပါ။ ဖြစ်စဥ်အသေးစိတ်ကိုစုံစမ်းနေပါတယ် သေဆုံးသူဟာ မည်သူမည်ဝါဆိုတာ ခုထိတော့အတည်မပြုနိုင်သေးပါဘူး”လို့ အင်္ဂပူမြို့နယ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက…

ဒေသအလိုက် သတင်းကဏ္ဍ
မြန်အောင်မြို့မှာ လေပြင်းတိုက်ပြီး သစ်ပင်လဲကျလို့ လူတစ်ဦးသေဆုံး

မြန်အောင်မြို့မှာ လေပြင်းတိုက်ပြီး သစ်ပင်လဲကျလို့ လူတစ်ဦးသေဆုံး

၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။ (သတင်းတို) ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာ မနေ့ညပိုင်းက လေပြင်းတိုက်ချိန် နေအိမ်တစ်လုံးပေါ် သစ်ပင်ပြိုကျလို့ လူတစ်ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ညပိုင်းက အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်အတွင်းရှိ ဘန့်ဘွေးကျေးရွာမှာ မိုးသက်လေပြင်းကျပြီး နေအိမ်ပေါ်သစ်ပင်လဲကျချိန် နေအိမ်ထဲမှာ လူတစ်ဦး အိပ်ပျော်နေတာလို့ အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်း ၊ ဘန့်ဘွေးကုန်းရဲကင်းမှူးရဲတပ်ကြပ်ကြီး ကျော်ဝင်းနိုင်က ပြောပါတယ်။ “ဟုတ်ပါတယ် ညက ၁၁နာရီလောက်ဖြစ်ပွားတာပါ။ မိုးကအရမ်းများ…

ဒေသအလိုက် သတင်းကဏ္ဍ
ကျုံမငေးမှာ စက်လှေစီး အင်အားပြခဲ့တဲ့ NLD ဝန်းရံသူတစ်ဦး ရေထဲပြုတ်ကျသေဆုံး

ကျုံမငေးမှာ စက်လှေစီး အင်အားပြခဲ့တဲ့ NLD ဝန်းရံသူတစ်ဦး ရေထဲပြုတ်ကျသေဆုံး

၂၆ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ မြစ်အတွင်း စက်လှေစီးအင်အားပြတဲ့ NLD ပါတီဝန်းရံကြသူတွေထဲက အမျိုးသားတစ်ဦး ရေထဲပြုတ်ကျ သေဆုံးခဲ့တဲ့ ဖြစ်စဉ် အောက်တိုဘာလ ၂၅ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ဝါးခယ်မမြို့နယ် အောက်ပေကုန်းကျေးရွာအုပ်စု၊ လေးအိမ်တန်းရွာက ဦးဝင်းချစ်(၃၇နှစ်အရွယ်)ဟာ ဝန်းရံသူတွေနဲ့အတူ ကျုံမငေးမြို့မှ သရွက်မြိုက်ရွာသို့ အင်အားပြ လှည်လည်ဖို့ ဂေါ်စက်လှေနဲ့ လိုက်ပါခဲ့ရာ ငှက်ကျကျေးရွာအနီးမှာ မြစ်အတွင်း ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်တယ်လို့…

ဒေသအလိုက် သတင်းကဏ္ဍ
ပန်းတနော်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်​ဆေးသောက်ပြီး သေဆုံး

ပန်းတနော်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်​ဆေးသောက်ပြီး သေဆုံး

(သတင်းတို) ၁၀၊အောက်တိုဘာ၊ ၂၀၂၀ ။ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ကျွန်းဒိပ်ကျေးရွာမှာ မနေ့က အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ မိန်းကလေးဟာ ဖခင်ဖြစ်သူရဲ့ ဖုန်းကိုယူဆော့ရာက ပျက်စီးသွားပြီး ဖခင်ဆူမှာကြောက်ကာ ပိုလိုဂျပိုးသတ်​ဆေးကို သောက်ပြီးနောက် သေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဟာ ကျေးရွာရာအိမ်မှူး ဖြစ်ပြီး မနေ့ည၁၀နာရီအချိန်မှာ အဲ့ဒီမိန်းကလေးဟာ ပိုးသတ်ဆေးသောက်ခဲ့ကာ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတာလို့ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ကြည်က ပြောဆိုပါတယ်။…

ဒေသအလိုက် သတင်းကဏ္ဍ
မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံထားရ

မြန်အောင်သစ်တောကြိုးဝိုင်းအတွင်းမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံထားရ

၂၀​ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။ ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်​​အောင်မြို့နယ်၊ မျှင်ဝါးတောင် သစ်တော့ကြိုးဝိုင်း အတွင်းမှာ နှာမောင်းဖြတ် သတ်​ဖြတ်ခံထားရတဲ့ တောဆင်ရိုင်းတစ်ကောင်ကို စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ မျှင်​ဝါး​တောင်​ သစ်​​တောကြိုးဝိုင်း အကွက်အမှတ် ၂/၅၀ ဒေသအခေါ် ခွေးပိချောင်းဖျားမှာ ဆင်သရေ အခြောက်တွေ ကို စက်တင် ဘာလ ၁၇ရက်နေ့နဲ့ ၁၈ရက်နေ့များက သိမ်းဆည်း ရမိခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ…