1. Home
  2. စီးပွားရေးဏ္ဍ

Category: စီးပွားရေးဏ္ဍ

စီးပွားရေးဏ္ဍ
လာအိုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးအဖြစ် တရုတ်ရပ်တည်နေ

လာအိုမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးအဖြစ် တရုတ်ရပ်တည်နေ

၁၇ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။ လာအိုရဲ့ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူအဖြစ် ရပ်တည်နေတဲ့ တရုတ်ဟာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိတဲ့ ပရောဂျက် စုစုပေါင်း (၇၈၅)ခုကို နှစ်နိုင်ငံကတိပြုထားပြီးပြီလို့ laotiantimes သတင်းဌာနက ဖော်ပြပါတယ်။ အထူးစီးပွားရေးဇုံတွေ ၊ စက်မှုဥယျာဉ်တွေနဲ့ အကြီးစား အခြေခံအဆောက်အအုံ ပရောဂျက်တွေဟာ လာအိုနိုင်ငံတွင်း တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု အများဆုံးဧရိယာတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်ရင်းနှီးမြုပ်နှံသူတွေက Vientiane-Vang Vieng…

စီးပွားရေးဏ္ဍ
ကိုဗစ်ကာလမှာ အသက်ရှုကြပ်နေသော ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းခြေများ

ကိုဗစ်ကာလမှာ အသက်ရှုကြပ်နေသော ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းခြေများ

၂၆၊ မေလ၊ ၂၀၂၀။ ဧရာဝတီတိုင်းဒေသကြီးအစိုးရကတော့ ဒီရက်ပိုင်းအတွင်းမှာ ဟိုတယ်အချို့ကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ သင်္ကြန်ကာလမတိုင်ခင်ကတည်းက ရပ်နားလိုက်ရတဲ့ ခရီးသွားလုပ်ငန်းက အခုချိန်မှာ ပုံမှန်ပြန်လည်ပတ်ဖို့ ရုန်းကန်ရဦးမယ့် အနေအထား ရှိနေပါတယ်။ “အစိုးရက ဟိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးရင်တောင် ကျွန်တော်တို့တွေ ပြန်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး “လို့ ငွေဆောင်ဟိုတယ်ဇုန်က JL Lodge ဟိုတယ်ပိုင်ရှင် ဦးဝင်းထိန်က ပြောပါတယ် ။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာ ဟိုတယ် နဲ့ တည်းခိုခန်းပေါင်း (၁၁၁…

စီးပွားရေးဏ္ဍ
ပြည်ပကနေကြက်သွန်တန်ချိန်တစ်သိန်းကျော်ဝယ်မယ့် အိန္ဒိယ

ပြည်ပကနေကြက်သွန်တန်ချိန်တစ်သိန်းကျော်ဝယ်မယ့် အိန္ဒိယ

နယူးဒေလီ ၂၄ ၊ နိုဝင်ဘာ ၊ ၂၀၁၉ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်‌ဈေးကွက် တည်ငြိမ်ဖို့ ပြည်ပကနေ ကြက်သွန်တန်ချိန်ပေါင်း တစ်သိန်းနှစ်သောင်း တင်သွင်းမယ့် အစီအစဉ်ကို နိုဝင်ဘာ ၂၀ရက်နေ့မှာ အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။ ဝန်ကြီးအဖွဲ့ အစည်းအဝေးပြီးနောက် ကြက်သွန်တင်သွင်းဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းကို အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နီရ်မာလာ-ဆီသာရာမန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ကြက်သွန်ဈေး စံချိန်တင်မြင့်တက်လာကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းစားသုံးမှု လုံလောက်ဖို့ အိန္ဒိယအစိုးရက နည်းပေါင်းစုံ ကြိုးစားပြီးတဲ့နောက်…

စီးပွားရေးဏ္ဍ
ပြည်ပကို ကြက်သွန်တင်ပို့မှု အိန္ဒိယရပ်ဆိုင်း

ပြည်ပကို ကြက်သွန်တင်ပို့မှု အိန္ဒိယရပ်ဆိုင်း

၅ အောက်တိုဘာ ၂၀၁၉ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ကြက်သွန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာ ဆိုးရွားတဲ့ အခုနှစ် မုတ်သုံရာသီအတွင်း စိုက်ခင်းတွေ ပျက်စီးပြီး အထွက်နှုန်းလျော့တာကြောင့် ပြည်ပကို ကြက်သွန်တင်ပို့မှု တားမြစ်လိုက်ပါတယ်။ ကြက်သွန်ဟာ အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ် အမယ်တစ်မျိုးပါ။ ဒါပေမယ့် အခုနှစ် မုတ်သုံရာသီမှာ အိန္ဒိယနိုင်ငံတစ်လွှား မိုးများပြီး ရေကြီးရေလျှံတာတွေကြောင့် စိုက်ခင်းတွေ တော်တော်များများ ရေမြုပ်ပျက်စီး ခဲ့ပါတယ်။ ဒါ့ကြောင့်…

စီးပွားရေးဏ္ဍ
ကမ္ဘောဒီးယားမှာ မိုးခေါင်ရေရှားလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့နေ

ကမ္ဘောဒီးယားမှာ မိုးခေါင်ရေရှားလို့ စပါးစိုက်တောင်သူတွေ အခက်တွေ့နေ

ဖနွမ်းပင် (၁၇/မတ်လ/၂၀၁၉) ကမ္ဘောဒီးယားနိုင်ငံမှာ မိုးခေါင်ရေရှားပြီး နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်နေတာကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့နေရပါတယ်။ ဒါ့ကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးတာ ယာယီရပ်နားထားဖို့ အာဏာပိုင်တွေက အခုသီတင်းပတ်မှာ သတိပေးချက်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ အခုနှစ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမယ့် ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိလာနိုင်တယ်လို့ ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြောပါတယ်။ ကမ္ဘောဒီးယားဟာ ပုံမှန်အားဖြင့် မိုးခေါင်တာထက် ရေကြီးရေလျှံတာတွေ အဖြစ်များတဲ့ နိုင်ငံ ဖြစ်ပေမယ့်…

စီးပွားရေးဏ္ဍ
အရှေ့တောင်အာရှမှာ ခေတ်စားလာတဲ့ မြို့ပြစိုက်ခင်းစနစ် (Urban Farming)

အရှေ့တောင်အာရှမှာ ခေတ်စားလာတဲ့ မြို့ပြစိုက်ခင်းစနစ် (Urban Farming)

၁၀/မတ်လ/၂၀၁၉ အရှေ့တောင်အာရှရဲ့ မြို့ကြီးပြကြီးတွေမှာ တပိုင်တနိုင်မြို့ပြစိုက်ခင်းတွေက ခေတ်စားလာပါတယ် ။ လူဦးရေထူထပ်ပြီး မြေနေရာရှားပါးတဲ့နေရာတွေမှာ အိမ်နောက်ဖေး ၊ အိမ်ရှေ့ခြံဝင်း နှင့် အိမ်ခေါင်းမိုးတွေပေါ်မှာ သီးပင်စားပင်တွေကို တပိုင်တနိုင် စိုက်ပျိုးလာကြတာပါ ။ မြို့ပြစိုက်ပျိုးရေးဟာ ဓာတုဆေးအန္တရယ်ကင်းတဲ့ အော်ဂဲနစ် အစားအစာတွေ ရရှိနိုင်တဲ့ အပြင် သဘာဝပတ်ဝန်းကျင် လေထုကို သန့်စင်စေပြီး တပိုင်တနိုင် ဝင်ငွေတစ်ခုကိုလည်း ထူထောင်နိုင်တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ စင်္ကာပူ နှင့်…