တက္ကသိုလ်ဝန်းကျင်တွေမှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်အားနည်းနေပြီလား

၁၀ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။

ဒီဇင်ဘာလ ၆ ရက်နေ့မှာဆိုင်ကယ်လုယက်သူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် အသက်သေဆုံးခဲ့တဲ့နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး) ဒုတိယနှစ်ကျောင်းသား မောင်ထက်လင်းသန့်ရဲ့ဈာပနကို ဒီနေ့ နေ့လည် ၁၂ နာရီမှာ မောင်ထက်လင်းသန့်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ပုသိမ်မြို့ကြက်ပေါင်ကျေးရွာမှာ ကျင်းပခဲ့တာပါ။
စာတတ်မြောက်သူရှားပါးတဲ့ကျေးရွာတွေဖြစ်တာနဲ့အညီ ကျေးရွာက ပညာထူးချွန်တဲ့ကလေးဒီလိုအဖြစ်မျိုးနဲ့ကြုံတွေရတဲ့အတွက် ရပ်ရွာအတွက် ထူးချွန်တဲ့လူငယ်တစ်ဦးဆုံးရှုံးခဲ့ရသလို မိဘတွေအနေနဲ့လည်း မိမိသားသမီးတွေပညာတတ်မဖြစ်ရင်နေ အန္တာရယ်မဖြစ်ရင်ပြီးရောဆိုတဲ့စိတ်ဓါတ်တွေဝင်သွားမှာစိုးရတယ်လို့ ကြက်ပေါင်ကျေးရွာဝိဇ္ဇာ၊သိပ္ပံကျောင်းတိုက်ဆရာတော်ကပြောပါတယ်။

Delta News

Read Previous

ပုသိမ်ဒေသခံတွေရဲ့ လူ့အခွင့်အရေးစကားသံများ

Read Next

အမျိုးသမီးအကြမ်းဖက်ခံရမှုတွေ ဘယ်လိုတားဆီးမလဲ