ၾကံခင္းျမိဳ႕နယ္က အုတ္တြင္း-ေရနံေတာင္-ထိန္ပင္ေျမွာင္လမ္း ျပင္ဖို႔ လႊတ္ေတာ္မွာ ေမးခြန္းေမး

၁၈ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။

ဒီေန႔ ျပည္သူ႔လႊတ္ေတာ္မွာ ၾကံခင္းျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္
ေဒါက္တာထြန္းလင္းေမာ္က ဧရာဝတီတုိင္းေဒသၾကီး ၾကံခင္းျမိဳ႕နယ္ထဲက
အုတ္တြင္း- ေရနံေတာင္ – ထိန္ပင္ေျမွာင္လမ္း ျပင္ဆင္ေပးဖို႔အေျခအေနကိုၾကယ္ပြင့္ျပေမးခြန္းေမးျမန္းခဲ႔တာပါ ။

ဒီေမးခြန္း နဲ႔ ပါတ္သက္ျပီး ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ဦးေက်ာ္လင္းက ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ထဲမွာ တင္ျပေတာင္းခံသြားမွာ ျဖစ္ျပီးရန္ပံုေငြ ခြဲေဝရရွိမႈအေပၚမူတည္ျပီး လမ္းကို အဆင့္ျမွင့္တင္ ေဆာင္ရြက္သြားမယ္လို႔ျပန္လည္ေျဖၾကားခဲ႔ပါတယ္ ။

Unicode
ကြံခင်းမြို့နယ်က အုတ်တွင်း-ရေနံတောင်-ထိန်ပင်မြှောင်လမ်း ပြင်ဖို့
လွှတ်တော်မှာ မေးခွန်းမေး

၁၈ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကြံခင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာထွန်းလင်းမော်က ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ထဲက
အုတ်တွင်း- ရေနံတောင် – ထိန်ပင်မြှောင်လမ်း ပြင်ဆင်ပေးဖို့အခြေအနေကိုကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့တာပါ ။

ဒီမေးခွန်း နဲ့ ပါတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ တင်ပြတောင်းခံသွားမှာ ဖြစ်ပြီးရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ် ။