ျမစ္တစ္ရာသစ္ေတာႀကိဳးဝုိင္းအတြင္း ေတာရုိင္းဆင္တစ္ေကာင္ သတ္ျဖတ္ခံရ

၁၁ ၊ စက္တင္ဘာ ၊ ၂၀၁၉ ။

စက္တင္ဘာလ ၁၀ ရက္ေန႔က ဧရာဝတီတိုင္းေဒသၾကီး ငပုေတာျမိဳ႕နယ္ထဲက ျမစ္တစ္ရာသစ္ေတာၾကိဳးဝိုင္းထဲမွာ ေတာဆင္ရိုင္းတစ္ေကာင္ သတ္ျဖတ္ခံခဲ႔ရတယ္လို႔ တင္းေခ်ာင္းေက်းရြာအုပ္ခ်ဳပ္ေရးမႈး ဦးေက်ာ္ျမင့္ထြန္းက အတည္ျပဳခဲ႔ပါတယ္ ။
ဆင္ရဲ႕ အေရခြံတစ္ျခမ္းသားကို ခြာယူထားျပီး ၊ လည္ပင္းမွာလည္း ျဖတ္ရွဒဏ္ရာေတြ ေတြ႔ရတယ္၊ ဆရာဝန္ရဲ႕ စစ္ေဆးခ်က္အရ လြန္ခဲ႔တဲ႔ ၂ ရက္ေလာက္က အသတ္ခံရတာ ျဖစ္တယ္လို႔ ဦးေက်ာ္ျမင့္ထြန္းက ေျပာခဲ႔တာပါ။
ျမစ္တစ္ရာသစ္ေတာၾကိဳးဝုိင္း အမွတ္ ၂၁၂ ရွိ ထန္းတစ္ပင္ေက်းရြာ အေနာက္ဘက္ ၅ မိုင္ခန္႔ မေဒါ႔ေခ်ာင္းအတြင္းမွာ အသတ္ခံထားရျပီး ဆင္ရဲ႕ သက္တမ္းမွာ ၂၃ ႏွစ္ခန္႔ ရွိတယ္လို႔ သိရပါတယ္ ။
လက္ရွိ ျမန္မာႏုိင္ငံအတြင္း သဘာဝသစ္ေတာနယ္ေျမေတြမွာ ေတာဆင္ရိုင္း ခန္႔မွန္းေကာင္ေရ ၁၅၀၀ ေလာက္နဲ႔ အစိုးရ နဲ႔ ပုဂၢလိကပိုင္ မွတ္ပံုတင္ထားတဲ႔ ဆင္ေကာင္ေရ ၆၀၀၀ ခန္႔ရွိပါတယ္ ။ ဧရာဝတီတိုင္းေဒသၾကီးအတြင္းမွာ ဆင္ေကာင္ေရ ၄၅၀ ခန္႔ရွိေနျပီး ငပုေတာျမိဳ႕နယ္ထဲမွာ အမ်ားဆံုး က်က္စားေနထိုင္ၾကတယ္လို႔ သိရပါတယ္ ။
ဧရာဝတီတိုင္းေဒသႀကီးငပုေတာျမဳိ႕နယ္ တင္ေခ်ာင္းအုပ္စု ထန္းတပင္ေက်းရြာ အေနာက္ဘက္ ျမစ္ တစ္ရာသစ္ေတာႀကဳိးဝိုင္း အတြင္းမွာမေန႕က ေတာဆင္ရိုင္း တစ္ေကာင္ သတ္ျဖတ္ခံ ခဲ႕ရတယ္လို႕သိရပါတယ္

[Unicode]

စက်တင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ထဲက မြစ်တစ်ရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးကျော်မြင့်ထွန်းက အတည်ပြုခဲ့ပါတယ် ။
ဆင်ရဲ့ အရေခွံတစ်ခြမ်းသားကို ခွာယူထားပြီး ၊ လည်ပင်းမှာလည်း ဖြတ်ရှဒဏ်ရာတွေ တွေ့ရတယ်၊ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က အသတ်ခံရတာ ဖြစ်တယ်လို့ ဦးကျော်မြင့်ထွန်းက ပြောခဲ့တာပါ။
မြစ်တစ်ရာသစ်တောကြိုးဝိုင်း အမှတ် ၂၁၂ ရှိ ထန်းတစ်ပင်ကျေးရွာ အနောက်ဘက် ၅ မိုင်ခန့် မဒေါ့ချောင်းအတွင်းမှာ အသတ်ခံထားရပြီး ဆင်ရဲ့ သက်တမ်းမှာ ၂၃ နှစ်ခန့် ရှိတယ်လို့ သိရပါတယ် ။
လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ လောက်နဲ့ အစိုးရ နဲ့ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေ ၆၀၀၀ ခန့်ရှိပါတယ် ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဆင်ကောင်ရေ ၄၅၀ ခန့်ရှိနေပြီး ငပုတောမြို့နယ်ထဲမှာ အများဆုံး ကျက်စားနေထိုင်ကြတယ်လို့ သိရပါတယ် ။
ဧရာဝတီတိုင်းဒေသကြီးငပုတောမြို့နယ် တင်ချောင်းအုပ်စု ထန်းတပင်ကျေးရွာ အနောက်ဘက် မြစ် တစ်ရာသစ်တောကြိုးဝိုင်း အတွင်းမှာမနေ့က တောဆင်ရိုင်း တစ်ကောင် သတ်ဖြတ်ခံ ခဲ့ရတယ်လို့သိရပါတယ်