သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အာရှကလေးငယ်သေဆုံးမှုနှုန်း မြင့်တက်

အာရှ (၃၀.၃.၂၀၁၉)

အာရှမှာ မသန့်ရှင်းတဲ့သောက်သုံးရေတွေကြောင့် အသက် (၁၅)နှစ်အောက်ကလေးငယ်သေဆုံးမှုနှုန်းဟာ ပဋိပက္ခ၊ စစ်ပွဲတွေကြောင့် သေဆုံးမှုနှုန်းထက် သုံးဆခန့်ပိုများနေတယ်လို့ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ကထုတ်ပြန်တဲ့ အစီရင်ခံစာက ပြောပါတယ်။

အဲဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၆)နိုင်ငံက ကလေးတွေအနေနဲ့ မသန့်ရှင်းတဲ့ရေတွေ သောက်သုံးနေရတာ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာတွေကို စစ်တမ်းပြုစု ဖော်ပြထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အချက်အလတ်တွေအရ ၂၀၁၄ခုနှစ်ကနေ ၂၀၁၆ခုနှစ်အအတွင်း ပဋိပက္ခတွေကြောင့် သေဆုံးတဲ့ ကလေးအရေအတွက် ၃၁,၀၀၀ သာ ရှိပေမယ့် မသန့်ရှင်းတဲ့ရေ ၊ တကိုယ်ရေးသန့်ရှင်းမှု နည်းပါတာနဲ့ မိလ္လာစနစ်ဆိုးတွေကြောင့် ၀မ်းပျက်ဝမ်းရောဂါနဲ့ သေဆုံးတဲ့ ကလေးအရေအတွက် ၈၅,၀၀၀ အထိရှိတယ်လို့ အဲဒီအရင်ခံစာက ပြောပါတယ်။

UNICEF အဖွဲ့က အစီရင်ခံစာကို မတ်လ ၂၂ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ရေနေ့ (World Water Day) မှာ ထုတ်ပြန်ခဲ့ပါတယ်။
Ref : http://asianews.it