ဧရာဝတီတုိင္းအတြက္ ကား ၈ စီးမဝယ္ဘူး တံတား ၁၆ စင္းပဲေဆာက္မယ္

၁၇ ၊ စက္တင္ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင္းေဒသႀကီးဘတ္ဂ်က္ ဥပေဒၾကမ္းမွာ ဌာနဆိုင္ရာ ၈ ခုအတြက္ ကား ၈စင္းဝယ္ဖို႕ ထည့္သြင္းထားတာကို ဒုသမၼတဦးေဆာင္တဲ့ ဘ႑ာေရးေကာ္မရွင္က စီစစ္ေလွ်ာ့ခ်ၿပီး ေဒသဖြံ႕ၿဖိဳးေရးေတြ ေဆာင္ရြက္ဖို႕ ေျပာင္းလဲထည့္သြင္းခဲ့တာ ျဖစ္ပါတယ္ ။

ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္မွာ ဘတ္ဂ်က္ဥပေဒႀကမ္းနဲ႕ပတ္သတ္လို႕ တိုင္းေဒသႀကီးအစိုးရကတင္ျပေဆြးေႏြးေနတာပါ။ အခုလို႕ေလွ်ာ့ခ်လိုက္တဲ့ ကား ၈စင္းအစား တံတား ၁၆ စင္းကို တည္ေဆာက္ဖို႕ထည့္သြင္းထားတယ္လို႕ တိုင္းေဒသႀကီးစီမံဘ႑ာဝန္ႀကီး ကေျပာပါတယ္။

ဧရာဝတီိတိုင္းေဒသႀကီး ဘတ္ဂ်က္ဥပေဒႀကမ္းမွာေတာ့ ရေငြ ၃၃ ဘီလီယံေက်ာ္ သံုးေငြ ၁၅၈ ဘီလီယံေက်ာ္ထည့္သြင္းထားၿပီး လိုေငြ ၁၂၅ ဘီလီယံေက်ာ္ကိုေတာ့ ျပည္ေတာင္စုအစိုးရကေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

Unicode
ဧရာဝတီတိုင်းအတွက် ကား ၈ စီးမဝယ်ဘူး တံတား ၁၆ စင်းပဲဆောက်မယ်

၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီးဘတ်ဂျက် ဥပဒေကြမ်းမှာ ဌာနဆိုင်ရာ ၈ ခုအတွက် ကား ၈စင်းဝယ်ဖို့ ထည့်သွင်းထားတာကို ဒုသမ္မတဦးဆောင်တဲ့ ဘဏ္ဍာရေးကော်မရှင်က စီစစ်လျှော့ချပြီး ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ ပြောင်းလဲထည့်သွင်းခဲ့တာ ဖြစ်ပါတယ် ။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ ဘတ်ဂျက်ဥပဒေကြမ်းနဲ့ပတ်သတ်လို့ တိုင်းဒေသကြီးအစိုးရကတင်ပြဆွေးနွေးနေတာပါ။ အခုလို့လျှော့ချလိုက်တဲ့ ကား ၈စင်းအစား တံတား ၁၆ စင်းကို တည်ဆောက်ဖို့ထည့်သွင်းထားတယ်လို့ တိုင်းဒေသကြီးစီမံဘဏ္ဍာဝန်ကြီး ကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက်ဥပဒေကြမ်းမှာတော့ ရငွေ ၃၃ ဘီလီယံကျော် သုံးငွေ ၁၅၈ ဘီလီယံကျော်ထည့်သွင်းထားပြီး လိုငွေ ၁၂၅ ဘီလီယံကျော်ကိုတော့ ပြည်တောင်စုအစိုးရကထောက်ပံ့ပေးမှာဖြစ်ပါတယ်။