ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်

၁၊ဖေဖော်ဝါရီ၊ ၂၀၂၁။

စစ်တပ်ရဲ့ နိုင်ငံတော်အာဏာသိမ်းမှု့အပြီး ၂၄ နာရီအတွင်းမှာပဲ ဧရာဝတီတိုင်းလူငယ်ရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်တလော အခြေအနေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူငယ်တွေရဲ့ သဘောထားကို အများသိစေချင်လို့ ထုတ်ပြန်တဲ့ သဘောပါ။ နောက်အဆင့်တွေကိုလည်း တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့ ဧရာဝတီတိုင်းလူငယ်ရေးရာ အတွင်းရေးမှူး ကိုမျိုးသူရကိုကို က Delta News Agency ကိုပြောပါတယ်။

လူငယ်တွေအနေနဲ့ နိုးနိုးကြားကြားနေဖို့၊ ကောလဟာလတွေကို မယုံဖို့၊ တချိန်ချိန်အတွက် အင်အားတွေစုစည်းနိုင်ဖို့ အားမွေးထားဖို့ လိုအပ်ပါတယ်လို့လည်း သတင်းစကားပါးခဲ့ပါတယ်။