ဧရာဝတီတိုင်းလွှတ်တော်ဝန်ထမ်း (၁၆)ဦးမှာ ကိုဗစ်ရောဂါပိုး မတွေ့ရှိ ၊ ဇွန်လ ၄ ရက်နေ့ လွှတ်တော်ပြန်စမည်

၁၊ ဇွန် ၊ ၂၀၂၀။

တရုတ်ပြည်က ခိုးပြန်လာသူ တစ်ဦးနဲ့ ထိတွေ့မှု ရှိခဲ့တဲ့ ဝန်ထမ်းတစ်ဦးကြောင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဝန်ထမ်းတွေ အသွားအလာကန့်သတ်စောင့်ကြည့်ခံရတာ ၊ ဓါတ်ခွဲနမူနာ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ရာမှာတော့ အားလုံးမှာ ရောဂါပိုး မတွေ့ကြောင်း အဖြေထွက်ခဲ့တယ်လို့ သိရပါတယ်။

Delta News Agency က တရုတ်ပြည်တော်ပြန်နဲ့ ထိစပ်မှု ရှိခဲ့တဲ့ ရုံးအကူ ကိုရဲထွဋ်ကို ဒီကနေ့မနက်ပိုင်းမှာ ဖုန်းဆက်မေးမြန်းရာမှာ “အကုန်လုံး ရုံးပြန်တက်နေကြပါပြီဗျ ၊ ဒီနေ့မနက် ၉ နာရီလောက်က ကန်ကြီးထောင့်က ဆေးစစ်ချက်တွေယူတဲ့ ဆရာမကြီးက ဖုန်းဆက်ပြီး ပြောလို့ အားလုံး Negative လို့ သိရပါတယ်” လို့ ဆိုပါတယ်။

“ကိုရဲထွဋ်က သူငယ်ချင်းကို ကန်ကြီးထောင့်ကို ဆိုင်ကယ်နဲ့ ပို့ပေးခဲ့တာပါ။ အဲဒီသူငယ်ချင်းမိန်းမက တရုတ်ပြည်က ပြန်လာသူတစ်ဦး ဖြစ်နေတာကြောင့် ဒီအခြေအနေကို သိသိချင်းမှာပဲ လွှတ်တော်ဥက္ကဌက ရုံးဝန်ထမ်းအားလုံးကို လွှတ်တော်အိမ်ယာကနေ အပြင်မထွက်ပဲနေဖို့ ညွှန်ကြားခဲ့တယ်”လို့ ဆိုပါတယ်။

“လွှတ်တော်လည်း လာမယ့် ၄ ရက်နေ့မှာ ပြန်စပါမယ် ၊ ပြည်ထောင်စုက အတည်ပြုလိုက်တဲ့ ဖြည့်စွက်ဘတ်ဂျက် (Revised Estimate)ကို ကျွန်တော်တို့ဆီမှာ ပြန်ပြီး အတည်ပြုမှာ ၊ တပတ်လောက်ပဲ ကြာမယ်”လို့ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၊ ဒုတိယနေ့ကို ဧပြီလ ၂၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး တစ်လကျော်အကြာမှာ အခု ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

လွှတ်တော်ပြန်တက်ချိန်မှာ အကြိုအပို့အတွက် ဖယ်ရီစီစဉ်ပေးတာရှိတယ်လို့ ညောင်တုန်းတိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။

“ပထမရက်က ကျန်ခဲ့တဲ့ မေးခွန်းတွေနဲ့ အခုထပ်တင်မယ့် အဆိုတွေ မေးခွန်းတွေလောက်ပါပဲ ဘာမှထူးခြားမှု မရှိလောက်ပါဘူး ၊ အစ်မတို့က စည်ပင်ဥပဒေလာလုပ်နေကြတာ၊ အချောသတ်ပြီးနိုင်မယ်ဆိုရင်တော့ ဒီတစ်ပတ်ထဲ ပါလာနိုင်တယ်”လို့ ပြောပါတယ်။

(Zawgyi)

ဧရာဝတီတိုင္းလႊတ္ေတာ္ဝန္ထမ္း (၁၆)ဦးမွာ ကိုဗစ္ေရာဂါပိုး မေတြ႕ရွိ ၊ ဇြန္လ ၄ ရက္ေန႔ လႊတ္ေတာ္ျပန္စမည္

၁၊ ဇြန္ ၊ ၂၀၂၀။

တ႐ုတ္ျပည္က ခိုးျပန္လာသူ တစ္ဦးနဲ႔ ထိေတြ႕မႈ ရွိခဲ့တဲ့ ဝန္ထမ္းတစ္ဦးေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဝန္ထမ္းေတြ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခံရတာ ၊ ဓါတ္ခြဲနမူနာ စစ္ေဆးတာေတြ လုပ္ေဆာင္ခဲ့ရာမွာေတာ့ အားလုံးမွာ ေရာဂါပိုး မေတြ႕ေၾကာင္း အေျဖထြက္ခဲ့တယ္လို႔ သိရပါတယ္။

Delta News Agency က တ႐ုတ္ျပည္ေတာ္ျပန္နဲ႔ ထိစပ္မႈ ရွိခဲ့တဲ့ ႐ုံးအကူ ကိုရဲထြဋ္ကို ဒီကေန႔မနက္ပိုင္းမွာ ဖုန္းဆက္ေမးျမန္းရာမွာ “အကုန္လုံး ႐ုံးျပန္တက္ေနၾကပါၿပီဗ် ၊ ဒီေန႔မနက္ ၉ နာရီေလာက္က ကန္ႀကီးေထာင့္က ေဆးစစ္ခ်က္ေတြယူတဲ့ ဆရာမႀကီးက ဖုန္းဆက္ၿပီး ေျပာလို႔ အားလုံး Negative လို႔ သိရပါတယ္” လို႔ ဆိုပါတယ္။

“ကိုရဲထြဋ္က သူငယ္ခ်င္းကို ကန္ႀကီးေထာင့္ကို ဆိုင္ကယ္နဲ႔ ပို႔ေပးခဲ့တာပါ။ အဲဒီသူငယ္ခ်င္းမိန္းမက တ႐ုတ္ျပည္က ျပန္လာသူတစ္ဦး ျဖစ္ေနတာေၾကာင့္ ဒီအေျခအေနကို သိသိခ်င္းမွာပဲ လႊတ္ေတာ္ဥကၠဌက ႐ုံးဝန္ထမ္းအားလုံးကို လႊတ္ေတာ္အိမ္ယာကေန အျပင္မထြက္ပဲေနဖို႔ ၫႊန္ၾကားခဲ့တယ္”လို႔ ဆိုပါတယ္။

“လႊတ္ေတာ္လည္း လာမယ့္ ၄ ရက္ေန႔မွာ ျပန္စပါမယ္ ၊ ျပည္ေထာင္စုက အတည္ျပဳလိုက္တဲ့ ျဖည့္စြက္ဘတ္ဂ်က္ (Revised Estimate)ကို ကြၽန္ေတာ္တို႔ဆီမွာ ျပန္ၿပီး အတည္ျပဳမွာ ၊ တပတ္ေလာက္ပဲ ၾကာမယ္”လို႔ လႊတ္ေတာ္ဥကၠဌ ဦးေအာင္ေက်ာ္ခိုင္က ေျပာပါတယ္။

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ ၂၂ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ၊ ဒုတိယေန႔ကို ဧၿပီလ ၂၇ ရက္ေန႔က က်င္းပခဲ့တာျဖစ္ၿပီး တစ္လေက်ာ္အၾကာမွာ အခု ၂၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကို ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။

လႊတ္ေတာ္ျပန္တက္ခ်ိန္မွာ အႀကိဳအပို႔အတြက္ ဖယ္ရီစီစဥ္ေပးတာရွိတယ္လို႔ ေညာင္တုန္းတိုင္းေဒသႀကီး ကိုယ္စားလွယ္ ေဒၚနီနီမိုးက ေျပာပါတယ္။

“ပထမရက္က က်န္ခဲ့တဲ့ ေမးခြန္းေတြနဲ႔ အခုထပ္တင္မယ့္ အဆိုေတြ ေမးခြန္းေတြေလာက္ပါပဲ ဘာမွထူးျခားမႈ မရွိေလာက္ပါဘူး ၊ အစ္မတို႔က စည္ပင္ဥပေဒလာလုပ္ေနၾကတာ၊ အေခ်ာသတ္ၿပီးႏိုင္မယ္ဆိုရင္ေတာ့ ဒီတစ္ပတ္ထဲ ပါလာႏိုင္တယ္”လို႔ ေျပာပါတယ္။