အိန္ဒိယမှာ မိုးကြိုးပစ်လို့ လူတစ်ရာကျော် သေဆုံး

၂၆ ၊ ဇွန်လ ၊ ၂၀၂၀ ။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ပြည်နယ်နှစ်ခုမှာ မကြာသေးခင်ရက်ပိုင်းအတွင်း အကြိမ်ရေဒါဇင်ချီ မိုးကြိုးပစ်တာကြောင့် လူ ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဘိုင်ဟာပြည်နယ်မှာ မိုးကြိုးပစ်တာကြောင့် လူပေါင်း ၈၃ဦးသေဆုံးခဲ့ပြီး နောက်ထပ် အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အုတ်တရာပရာဒေရှ့် ပြည်နယ်မှာလည်း လူ ၂၀ထက်မနည်း သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်တာဟာာ မုတ်သုံရာသီအတွင်း ဖြစ်ပွားလေ့ရှိတဲ့ သဘာဝဘေးတစ်ခု ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မိုးသည်းထန်တာနဲ့ မိုးသက်မုန်တိုင်းကျရောက်တာတွေကြောင့် သစ်ပင်နဲ့ အဆောက်အအုံတော်တော်များများလည်း ပျက်စီးခဲ့ပါတယ်။

မိုးလေဝသခန့်မှန်းချက်တွေအရ ရာသီဥတုအခြေအနေဆိုးရွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြားရှိဖို့ အမိုးအကာအောက်မှာနေကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၈ခုနှစ်က မိုးကြိုးပစ်တာကြောင့် လူပေါင်း ၂၃၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၅ ခုနှစ်ကတည်းက နှစ်စဥ်နှစ်တိုင်း မိုးကြိုးပစ်လို့ လူအယောက် ၂၀၀၀ ထက်မနည်း သေဆုံးနေတယ်လို့ အမျိုးသား ရာဇဝတ်မှု စစ်တမ်းဆိုင်ရာ ဗျူရိုအဖွဲ့က ဖော်ပြချက်အရ သိရပါတယ်။

Ref : BBC
Photo Credit : mfame.guru