အိန္ဒိယမှာ တီဗီရုပ်သံလိုင်းကနေတဆင့် ကျောင်းသားတွေ စာလေ့လာနိုင်တော့မယ်

၁၀၊ မေ၊ ၂၀၂၀။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် စာသင်ကျောင်းတွေပိတ်ထားတဲ့ကာလအတွင်း ကျောင်းသားတွေအတွက် သင်ကြားရေး တီဗီရုပ်သံလိုင်း ၁၂လိုင်းကို ထုတ်လွင့်ပေးသွားမယ်လို့ အိန္ဒိယအစိုးရက ကြေငြာလိုက်ပါတယ်။

အဲဒီအစီအစဥ်ဟာ စမတ်ဖုန်းတွေ ၊ လက်ပတော့တွေ မဝယ်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ဘယ်အတန်းမဆို ကျောင်းသားအားလုံး လေ့လာသင်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိအိန္ဒိယနိုင်ငံမှာ လော့ဒေါင်းကာလကို တဖြည်းဖြည်း ဖြေလျော့ပေးနေပေမယ့် စာသင်ကျောင်းတွေနဲ့ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတွေဟာ မတ်လလယ်ကတည်းက ပိတ်ထားတာ ဖြစ်ပြီး ဘယ်အချိန်ပြန်ဖွင့်ရမယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

“ကျောင်းသားတစ်ချို့ကတော့ စမတ်ဖုန်းတွေ လက်ပတော့တွေကနေ တဆင့် အင်တာနက်သုံးနိုင်ပေမယ့် တစ်ချို့ ကျောင်းသားတွေကတော့ စမတ်ဖုန်းတောင်မရှိကြပါဘူး။ သူတို့မိဘတွေမှာလည်း ရိုးရိုး မိုဘိုင်းဖုန်းပဲ ရှိကြပါတယ်။ ဒါ့ကြောင့် အခုအစီအစဥ်ကတော့ ကျောင်းသားတွေအနေနဲ့ တီဗီကြည့်ပြီး သင်ယူနိုင်မယ် ဆရာတွေကလည်း တယ်လီဖုန်းကနေဆင့် လိုတာတွေ ထပ်ဆင့် သင်ပြနိုင်မယ်။”လို့ The National Council Of Educational Research And Training ကောင်စီရဲ့ ညွှန်ကြားရေးမှုး Dr Hrushikesh Senapaty က ပြောပါတယ်။

ဒါပေမယ့် ရုပ်သံလိုင်းတွေ ဘယ်နေ့မှာ စတင်ထုတ်လွှင့်မယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အိန္ဒိယနိုင်ငံမှာ ကျောင်းနေကလေးငယ် စုစုပေါင်း သန်း(၂၆၀) ရှိပါတယ်။ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ အစိုးရကျောင်းတွေမှာ အခမဲ့ ပညာရေးအထောက်အပံ့ရထားကြတာပါ။ ဒါပေမယ့် သင်ကြားရေး အရည်အသွေးပိုင်းနဲ့ ပတ်သတ်လို့ မေးခွန်းတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။

၂၀၁၈ခုနှစ် ပညာရေးဆိုင်ရာနှစ်စဥ်အစီရင်ခံစာအရ အိန္ဒိယနိုင်ငံမှာ အသက် ၁၃နှစ်ကနေ ၁၄နှစ်အရွယ်ကြား Grade-8 ကျောင်းသားနှစ်ယောက်လျင် တစ်ယောက်ဟာ အခြေခံအစားသင်္ချာမတွက်နိုင်ကြဘူးလို့ သိရပါတယ်။

ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် အိန္ဒိယနိုင်ငံမှာ ချမ်းသာတဲ့ကျောင်းသားတွေနဲ့ ဆင်းရဲတဲ့ကျောင်းသားတွေအကြောင်း ကွာဟမှု ပိုကြီးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

ဒါပေမယ့် အခုလို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရချိန်မှာပဲ အိန္ဒိယအစိုးရပိုင်ကျောင်းတွေနဲ့ ပုဂ္ဂလိကပိုင်ကျောင်းတွေဟာ ကျောင်းသားတွေကို စာသင်ကြားနိုင်ဖို့ WhatsApp ၊ Zoom စတဲ့ နည်းပညာတွေအပြင် ရေဒီယိုနဲ့ တီဗီရုပ်သံလိုင်းတွေကိုပါ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

(Zawgyi)

အိႏၵိယမွာ တီဗီ႐ုပ္သံလိုင္းကေနတဆင့္ ေက်ာင္းသားေတြ စာေလ့လာႏိုင္ေတာ့မယ္

၁၀၊ ေမ၊ ၂၀၂၀။

အိႏၵိယႏိုင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြပိတ္ထားတဲ့ကာလအတြင္း ေက်ာင္းသားေတြအတြက္ သင္ၾကားေရး တီဗီ႐ုပ္သံလိုင္း ၁၂လိုင္းကို ထုတ္လြင့္ေပးသြားမယ္လို႔ အိႏၵိယအစိုးရက ေၾကျငာလိုက္ပါတယ္။

အဲဒီအစီအစဥ္ဟာ စမတ္ဖုန္းေတြ ၊ လက္ပေတာ့ေတြ မဝယ္ႏိုင္တဲ့ ဆင္းရဲႏြမ္းပါးတဲ့ ေက်ာင္းသားေတြကို အေထာက္အကူျပဳဖို႔ ရည္႐ြယ္ၿပီး ဘယ္အတန္းမဆို ေက်ာင္းသားအားလုံး ေလ့လာသင္ယူႏိုင္မွာလည္း ျဖစ္ပါတယ္။

လက္ရွိအိႏၵိယႏိုင္ငံမွာ ေလာ့ေဒါင္းကာလကို တျဖည္းျဖည္း ေျဖေလ်ာ့ေပးေနေပမယ့္ စာသင္ေက်ာင္းေတြနဲ႔ အဆင့္ျမင့္ ပညာေရးအဖြဲ႕အစည္းေတြဟာ မတ္လလယ္ကတည္းက ပိတ္ထားတာ ျဖစ္ၿပီး ဘယ္အခ်ိန္ျပန္ဖြင့္ရမယ္ဆိုတာကိုလည္း မသိရေသးပါဘူး။

“ေက်ာင္းသားတစ္ခ်ိဳ႕ကေတာ့ စမတ္ဖုန္းေတြ လက္ပေတာ့ေတြကေန တဆင့္ အင္တာနက္သုံးႏိုင္ေပမယ့္ တစ္ခ်ိဳ႕ ေက်ာင္းသားေတြကေတာ့ စမတ္ဖုန္းေတာင္မရွိၾကပါဘူး။ သူတို႔မိဘေတြမွာလည္း ႐ိုး႐ိုး မိုဘိုင္းဖုန္းပဲ ရွိၾကပါတယ္။ ဒါ့ေၾကာင့္ အခုအစီအစဥ္ကေတာ့ ေက်ာင္းသားေတြအေနနဲ႔ တီဗီၾကည့္ၿပီး သင္ယူႏိုင္မယ္ ဆရာေတြကလည္း တယ္လီဖုန္းကေနဆင့္ လိုတာေတြ ထပ္ဆင့္ သင္ျပႏိုင္မယ္။”လို႔ The National Council Of Educational Research And Training ေကာင္စီရဲ႕ ၫႊန္ၾကားေရးမႈး Dr Hrushikesh Senapaty က ေျပာပါတယ္။

ဒါေပမယ့္ ႐ုပ္သံလိုင္းေတြ ဘယ္ေန႔မွာ စတင္ထုတ္လႊင့္မယ္ဆိုတာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။

အိႏၵိယႏိုင္ငံမွာ ေက်ာင္းေနကေလးငယ္ စုစုေပါင္း သန္း(၂၆၀) ရွိပါတယ္။ အဲဒီထဲက ၆၀ ရာခိုင္ႏႈန္းေလာက္ဟာ အစိုးရေက်ာင္းေတြမွာ အခမဲ့ ပညာေရးအေထာက္အပံ့ရထားၾကတာပါ။ ဒါေပမယ့္ သင္ၾကားေရး အရည္အေသြးပိုင္းနဲ႔ ပတ္သတ္လို႔ ေမးခြန္းေတြ မၾကာခဏ ထြက္ေပၚလာေလ့ရွိပါတယ္။

၂၀၁၈ခုႏွစ္ ပညာေရးဆိုင္ရာႏွစ္စဥ္အစီရင္ခံစာအရ အိႏၵိယႏိုင္ငံမွာ အသက္ ၁၃ႏွစ္ကေန ၁၄ႏွစ္အ႐ြယ္ၾကား Grade 8 ေက်ာင္းသားႏွစ္ေယာက္လ်င္ တစ္ေယာက္ဟာ အေျခခံအစား သခ်ၤာမတြက္ႏိုင္ၾကဘူးလို႔ သိရပါတယ္။

ကမာၻ႔ကပ္ေရာဂါအေျခအေနေၾကာင့္ အိႏၵိယႏိုင္ငံမွာ ခ်မ္းသာတဲ့ေက်ာင္းသားေတြနဲ႔ ဆင္းရဲတဲ့ေက်ာင္းသားေတြအေၾကာင္း ကြာဟမႈ ပိုႀကီးလာမွာကို စိုးရိမ္မႈေတြ ျမင့္တက္ေနၾကပါတယ္။

ဒါေပမယ့္ အခုလို စိန္ေခၚမႈေတြ ရင္ဆိုင္ေနရခ်ိန္မွာပဲ အိႏၵိယအစိုးရပိုင္ေက်ာင္းေတြနဲ႔ ပုဂၢလိကပိုင္ေက်ာင္းေတြဟာ ေက်ာင္းသားေတြကို စာသင္ၾကားႏိုင္ဖို႔ WhatsApp ၊ Zoom စတဲ့ နည္းပညာေတြအျပင္ ေရဒီယိုနဲ႔ တီဗီ႐ုပ္သံလိုင္းေတြကိုပါ အသုံးျပဳလာၾကၿပီ ျဖစ္ပါတယ္။

Ref : straitstimes
Photo Credit – indianexpress

Topic – #အိန္ဒိယ#စာသင်ကျောင်း#ကျောင်းသား#တီဗီရုပ်သံလိုင်း#ကိုဗစ်