အမေရိကန်နဲ့ ဗြိတိန်က မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှစ်ခုကို အရေးယူဒဏ်ခတ်

အမေရိကန်နဲ့ဗြိတိန်က မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းကြီးနှစ်ကို အရေးယူပိတ်ဆို့မှု စာရင်းသွင်းလိုက်ပြီလို့ မတ်လ ၂၅ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီလုပ်ငန်းနှစ်ကတော့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MHL)နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)တို့ဖြစ်ပြီး သူတို့ဟာ မြန်မာ့စီးပွားရေးလောကရဲ့ အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီအရေးယူမှုက မြန်မာနိုင်ငံတွင်း အာဏာသိမ်းမှုကို ဦးဆောင်သူတွေ ၊ စစ်တပ်နဲ့ စီးပွားရေးဆက်နွယ်မှုတွေ ၊ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကို ထောက်ပံ့တဲ့ ဘဏ္ဍာငွေစီးဆင်းမှုတွေကို တိတိကျကျ ပစ်မှတ်ထားပါလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီဘလင်ကန်က ပြောပါတယ်။

MHLနဲ့ MEHL လုပ်ငန်းနှစ်ခုကို အရေးယူဒဏ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက အစာပိုင်းကတည်းက ဖိအားပေးခဲ့နေကြတာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းနှစ်ခုကို စီးပွားရေးအရပိတ်ဆို့ဖို့အနောက်နိုင်ငံတွေက လုပ်ဆောင်နေကြပေမယ့် အာရှတွင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ရေး မဟာမိတ်တွေကတော့ အရေးယူပိတ်ဆို့ဖို့ ပယ်ချခဲ့ကြပါတယ်။

Ref : Reuters