အထည်ချုပ်၀န်ထမ်း၊ဈေးသည်နဲ့ ရဲတပ်ကြပ်ကြီး အပါအဝင် ပုသိမ်ကိုဗစ်လူနာ(၁၉)ဦးတိုး

၂၇၊ဒီဇင်ဘာ၊၂၀၂၀။

ပုသိမ်မြို့မှာမနေ့က(၁၉)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

ပုသိမ်ဆေးရုံကို အနံပျောက်လို့လာပြတဲ့ မြတ်တိုရုံးအနောက်(၁)လမ်းက အသက်(၂၁)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ သူဟာ မြန်မာနစ်တင်းသိုးမွှေးအထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရောဂါတွေ့ခဲ့တဲ့ ဧရာမင်း(၄)လမ်းက လူနာ(၆၀၄)ရဲ့ အသက်(၆၀)အရွယ်မိခင်နဲ့ (၁၁)နှစ်အရွယ်သားဖြစ်သူတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

တိုင်းလွှတ်တော်မှာ air conတပ်ဆင်ဖို့ ရောက်တဲ့ ရန်ကုန်၊အင်းစိန်မြို့က အသက်(၂၁)နှစ်အရွယ်အင်ဂျင်နီယာအမျိုးသားတစ်ဦးကို ပုသိမ်မြို့အဝင် ဂိတ်မှာစစ်ဆေးရာရောဂါတွေ့ခဲ့ပါတယ်။

Swabယူစစ်ဆေးရင်း ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ သူနာပြုဆရာမလူနာ(၅၀၁)ရဲ့ အသက်(၃၈)နှစ်အရွယ်ခင်ပွန်း၊အသက်(၅၉)နှစ်အရွယ်မိခင်နဲ့ တစ်နှစ်အရွယ်သားဖြစ်သူတို့ရောဂါတွေ့ခဲ့ပါတယ်။

ဆေးရုံမှာတာ၀န်ထမ်းဆောင်ရင်း ကိုဗစ်ရောဂါတွေ့ခဲ့တဲ့လူနာ(၅၀၈)ရဲ့အသက်(၅၆)နှစ်အရွယ်ခင်ပွန်း၊အသက်(၂၇)အရွယ်သမီးဖြစ်သူနဲ့ လူနာ(၅၀၃)ရဲ့ခင်ပွန်းအသက်(၅၉)နှစ်အရွယ် ရဲတပ်ကြပ်ကြီး၊ လူနာ(၅၀၂)ရဲ့အစ်ကို အသက်(၃၈)နှစ်အရွယ်အမျိုးသားတို့မှာရောဂါတွေ့ခဲ့ပါတယ်။

ရောဂါရှိသူနဲ့ထိတွေ့မိလို့ကွာရန်တင်း၀င်နေတဲ့ ရာမည(၁၀)လမ်းကအသက်(၅၂)အရွယ်အမျိုးသား၊တဂေါင်းဘုရားရွာသာယာကအသက်(၂၆)နှစ်အမျိုးသမီးနဲ့(၂၅)နှစ်အရွယ်အမျိုးသား၊အင်ကြင်းလမ်းက အသက်(၂၉)နှစ်အမျိုးသမီးနဲ့ (၃)နှစ်အရွယ်သူ့ရဲ့သားဖြစ်သူ၊ စကားဝါလမ်းက(၄၂)နှစ်အရွယ်အမျိုးသမီးနဲ့(၉)နှစ်အရွယ်အမျိုးသားတို့မှာရောဂါတွေ့ခဲ့တယ်လို့သိရပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၈၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၀၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။

ပုသိမ်မြို့အ၀င်ကိုဗစ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာက ရန်ကုန်ဗိုလ်တစ်ထောင်မြိုနယ်က အသက်(၂၂)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်စက်ရုံကပစ္စည်းတွေတင်ဖို့ ရန်ကုန်ကနေ လာရောက်ခဲ့တာလို့ သိရပါတယ်။

ဧရာမင်း(၄)လမ်းကလက်ဘက်ရည်နဲ့ခေါက်ဆွဲရောင်းတဲ့အသက်(၄၂)အရွယ်အမျိုးသမီးနဲ့ ဥမ္မာဒန္တီ (၉)လမ်းက အသက်(၃၂)နှစ်အရွယ်အမျိုးသမီးတို့ဟာအနံပျောက်နေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။

ကွာရန်တင်းစင်တာကနေကျောက်စရစ်ကုန်းနေတဲ့လူနာ (၅၉၇)ရဲ့ ဇနီး၊ မရီးနဲ့ယောက်ဖ၊ဥမ္မာဒန္တီ(၁)လမ်းကလူနာ(၅၉၆)ရဲ့တူမ၊မြောင်းမြကျောင်းရှေ့ လူနာ(၅၉၉)ရဲ့ ဦးလေးနဲ့ညီဖြစ်သူ၊ ကွမ်းခြံလမ်းကြားကအသက် (၅၀)အရွယ်အမျိုးသားအပါအ၀င် (၇)ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၆၆၀)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၄၈၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။