အင်္ဂပူမြို့မှာ လူတစ်ဦးရထားကြိတ်ခံရ

၂၇ ၊‌ အောက်တိုဘာလ ၊ ၂၀၂၀ ။ (သတင်းတို)

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်မှာ ဒီကနေ့နေလည်ပိုင်းက အမျိုးသားတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဟင်္သာတကနေ ကြံခင်းကို မောင်းနှင်လာတဲ့ အမှတ်(၁၈၅) အဆန်လူစီးရထားဟာ ထန်းပင်ကုန်ဘူတာနဲ့ အင်္ဂပူဘူတာအကြား မိုင်တိုင် (၁၃၀/၉ နဲ့ ၁၃၀/၁၀)ကြားမှာ အမျိုးသားတဦးကို ကြိတ်မိခဲ့တာပါ။

“ဟုတ်ပါတယ်။ဒီနေ့နေလည်းပိုင်းက ဖြစ်တာပါ။ ဖြစ်စဥ်အသေးစိတ်ကိုစုံစမ်းနေပါတယ် သေဆုံးသူဟာ မည်သူမည်ဝါဆိုတာ ခုထိတော့အတည်မပြုနိုင်သေးပါဘူး”လို့
အင်္ဂပူမြို့နယ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးမှု ဖြစ်စဥ်အသေးစိတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

၂၀၁၉ ခုနှစ်ကလည်း အင်္ဂပူဘူတာအနီးမှာ ရထားကြိတ်မိလို့ လူတစ်ဦးသေဆုံးခဲ့ပြီး သူဟာ ရထားသံလမ်းပေါ်မှာ အိပ်နေတာလို့ သိရပါတယ်