လာမယ့် နှစ်ရက်အတွင်း ဧရာဝတီမှာ ညအပူချိန်တိုးမယ်

 

၂၄ ၊ နိုဝင်ဘာ၊ ၂၀၂၀။

လာမယ့် နှစ်ရက်အတွင်း ဧရာဝတီတိုင်းမှာ ညအပူချိန်အနည်းငယ်တိုးလာနိုင်​ပြီး တိမ်အသင့်အသင့် ဖြစ်ထွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စိုးစိုးလွင်ကပြောပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၄)ပေမှ (၇)ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒီနေ့မနက် ၅နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့ရဲ့.အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်နဲ့ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက်ရေမိုင် (၂၅၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းငယ် (Depression)ဟာ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်ပြီး အနောက်မြောက်ဘက်ကို ရွေ့လျားကာ နိုဝင်ဘာ (၂၅)ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေနဲ့ ပူဒူချယ်ရီကမ်းခြေအနီး ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။