ရန်ကုန် (၇)မြို့နယ်ကလာသူတွေ ဧရာဝတီရောက်ရင် သီးခြားစောင့်ကြည်ခံရမယ်

၂၀၊ ဧပြီ၊ ၂၀၂၀။

COVID-19 ရောဂါပြန့်ပွားမှု များပြားနေတဲ့ ရန်ကုန်တိုင်း မြို့နယ်(၇)မြို့နယ်ကလာသူတိုင်း ဧရာဝတီတိုင်းရောက်ရင် (၂၁)ရက် အသွားအလာကန့်သတ် စောင့်ကြည့်ခံရမယ်လို့ တိုင်းအစိုးရက ဒီနေ့မှာပဲ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် တွေမှာ အမြဲဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ဝင်ရောက်လာမယ်ဆိုရင် အခုကြေညာချက်က သက်ရောက်မှာပါ။

တိုင်းဒေသကြီးအဆင့် COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက (၂၀.၄.၂၀၂၀)ရက်နေ့မှာ တိုင်းဒေသကြီးအတွင်းကCOVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများအားလုံးကို ညွန်ကြားထားပြီလို့သိရပါတယ်။

(Zawgyi)

၂၀၊ ဧၿပီ၊ ၂၀၂၀။

COVID-19 ေရာဂါျပန္႔ပြားမႈ မ်ားျပားေနတဲ့ ရန္ကုန္တိုင္း ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္က လာသူတိုင္း ဧရာဝတီတိုင္းေရာက္ရင္ (၂၁)ရက္ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ခံရမယ္လို႔ တိုင္းအစိုးရက ဒီေန႔မွာပဲ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ဗဟန္းၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕နယ္ ေတြမွာ အၿမဲျဖစ္ေစ၊ ယာယီျဖစ္ေစ ေနထိုင္သူေတြအေနနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ေတြကို ဝင္ေရာက္လာမယ္ဆိုရင္ အခုေၾကညာခ်က္က သက္ေရာက္မွာပါ။

တိုင္းေဒသႀကီးအဆင့္ COVID – 19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက (၂၀.၄.၂၀၂၀)ရက္ေန႔မွာ တိုင္းေဒသႀကီးအတြင္းကCOVID – 19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီမ်ားအားလုံးကို ၫြန္ၾကားထားၿပီလို႔သိရပါတယ္။

#COVID19#ဧရာဝတီတိုင်း#ရန်ကုန်တိုင်း