ရန်ကုန်ပြန်နှစ်ဦးမှာ ကိုဗစ်ရောဂါတွေ့

၅ ၊နိုဝင်ဘာလ၊၂၀၂၀။ (သတင်းတို)

ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ COVID 19အတည်ပြုလူနာ(၂)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးကပြောပါတယ်။

ရန်ကုန်မြို့တိုင်းကနေ ပြန်လာသူတွေထဲက ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာနေ အသက် (၂၁)နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အမှတ်(၇)ရပ်ကွက်နေ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က ပြန်လာသူတွေကို ဖျာပုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဖျာပုံတမံ အထက်တန်း​ကျောင်းရှိ Quaratine center တွေမှာ ထားရှိပြီး ဒီကနေ့မနက်စာရင်းအရ ကွာရန်တင်းဝင်နေသူ အယောက်(၂၈၀)ကျော် ရှိတယ်လို့ သိရပါတယ်။

ပိုးတွေ့လူနာစာရင်းအရ ဖျာပုံမြို့နယ်အတွင်း အတည်ပြုလူနာ (၉၅)ဦးရှိပြီး အဲဒီထဲက (၈၉)ဦးဟာ ကျန်းမာရေးပြန်လည်လို့ ဆေးရုံဆင်းသွားပြီ ဖြစ်ပါတယ်။ ကုသမှုဆက်လက်ခံယူနေသူ (၆)ဦး ကျန်ရှိပါတယ်။