မြန်မာ့စီးပွားရေးဘဏ်အကြီးတန်းစာရေးအပါအဝင် ပုသိမ်ကိုဗစ်လူနာ(၆)ဦးတိုး

၂၇၊ ဒီဇင်ဘာ၊ ၂၀၂၀။

ပုသိမ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ (၆)ဦးတိုးတယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

တောရကျောင်းလမ်းကအသက် (၃၉)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်မြို့မြန်မာ့စီးပွားရေးဘဏ်က အကြီးတန်းစာရေးဖြစ်ပြီး မိခင်ဖြစ်သူမှာရောဂါတွေ့လို့ကွာရန်တင်းဝင်နေသူ ဖြစ်ပါတယ်။

ကုလားကုန်းဈေးက ကြက်သားရောင်းသူလူနာ(၅၆၉)နဲ့ လူနာ(၆၃)တို့ရဲ့ အသက်(၇၃)နှစ်အရွယ်မိခင်မှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ သမီးဖြစ်သူရောဂါတွေ့ခဲ့ရာက ကွာရန်တင်းဝင်နေသူဖြစ်ပြီး ဒီနေ့စစ်ဆေးရာက ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။


စကားဝါလမ်းက လူနာ(၆၃၀)ရဲ့အသက်(၅၇)နှစ်အရွယ်အစ်မနဲ့(၃၂)နှစ်အရွယ် တူမတို့ကိုကွာရန်တင်းစင်တာမှာ ဒီနေ့စစ်ဆေးရာကရောဂါတွေ့ခဲ့ပြီး တိုင်းရင်းဆေးရုံကိုလွှဲပြောင်းထားတယ်လို့ သိရပါတယ်။

ပုသိမ်မြို့မစခန်းကအချုပ်သားလူနာ(၅၇၈)နဲ့ ထိတွေ့မိတဲ့ ကင်မလင်းကျွန်း နေထိုင်တဲ့အသက်(၁၃)နှစ်အရွယ်အမျိုးသားကို ဒီနေ့စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာ အမှုတစ်ခုနဲ့ ရဲစခန်းမှာအမှုရင်ဆိုင်နေသူတစ်ဦး ဖြစ်ပါတယ်။

ကင်မလင်းကျွန်းစံပြ(၃)လမ်းကကုန်စိမ်းကားမောင်းတဲ့ အသက်(၃၉)နှစ် အရွယ်အမျိုးသားဟာအနံပျောက်နေတာကြောင့်သာသနာ့ဗိမာန်က Fever Clinic က တစ်ဆင့်ပုသိမ်ဆေးရုံကိုလွှဲပြောင်းစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာ(၂၃)ရက်နေ့က ရန်ကုန်မြို့ကိုသွားထားတဲ့ခရီးသွားရာဇဝင်ရှိသူဖြစ်ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၆၈၇)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၅၁၀)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။