မြန်မာကို ကူညီ​ထောက်ပံ့မှု​တွေ အားလုံး ရပ်ဆိုင်းပစ်နိုင်တယ်လို့ ဂျပန်သတိ​​ပေး

ဂျပန်နိုင်ငံအ​နေနဲ့ မြန်မာကို အကူအညီ​ပေး​နေတာ​တွေအားလုံး ရပ်​ဆိုင်းပစ်လိုက်နိုင်တယ်လို့ ဂျပန်နိုင်ငံခြား​ရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

​ဒီ​နေ့ ​မေလ ၂၁ရက်​နေ့ ​ထွက်ရှိလာတဲ့ အင်တာဗျူးမှာ နိုင်ငံခြား​ရေးဝန်ကြီး Toshimitsu Motegi က အခုလို​ပြောလိုက်တာပါ။

ဂျပန်ဟာ မြန်မာရဲ့ ထိပ်တန်းအလှူရှင်နိုင်ငံတနိုင်ငံဖြစ်ပြီး ​ဖေ​ဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာကို ​ထောက်ပံ့ကူညီမယ့် အစီအစဥ်သစ်​တွေ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

“ကျ​နော်တို့ အခုလို မလုပ်ချင်ပါဘူး။ ဒါ​ပေမယ့် လက်ရှိအ​​ခြေအ​နေမှာ ဆက်ပြီးအလုပ်လုပ်ဖို့ မလွယ်ဘူးဆိုတာကို​တော့ ​အတိအလင်းထုတ်​ဖော်​ပြောရမယ်”လို့ Toshimitsu Motegi က ​ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အ​နေနဲ့ မြန်မာကို ​ကူညီမယ့် အစီအစဥ်သစ်​တွေအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဂျပန်အစိုးရက မတ်လမှာ ထုတ်ပြန်​ကြေညာခဲ့တာပါ။ ဒါ​ပေမယ့် တခြားနိုင်ငံ​တွေလိုမျိုး အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်​တွေ အဖွဲ့အစည်း​တွေကို​ ပစ်မှတ်ထား အ​​ရေးယူဒဏ်ခတ်တာ​တော့ မရှိ​​သေးပါဘူး။

​​​ဖေ​ဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်​ကြောင့် ​မြန်မာနိုင်ငံမှာ သေဆုံးသူ ၈၀၀​ကျော်ရှိလာပြီ ဖြစ်ပါတယ်။

Ref – AFP