မဲရုံလုံခြုံရေးအတွက် ဧရာဝတီတိုင်းမှာ အထူးရဲငါးထောင်ကျော် ခန့်အပ်မည်

၃၀ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

၂၀၂၀ ရွှေးကောက်ပွဲမှာမဲရုံ လုံခြုံရေးအတွက် ဧရာ၀တီတိုင်းတွင်းမှာ အထူးရဲ ၅ထောင်ကျော်ခန့်အပ်သွားမယ်လို့ တိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

ရွှေးကောက်ပွဲကျင်းပ ချိန်မှာလုံခြုံရေးအတွက် မဲရုံတစ်ရုံကို အထူးရဲတစ်ဦးစီထားရှိသွားမှာဖြစ် တယ်လို့ဆိုပါတယ်။

“တိုင်းအတွင်းကမဲရုံ အရေအတွက်ပေါ်မှာ မူတည်ပီးခန့်အပ်သွားမှာပါ ခုထိတော့တိုင်းအတွင်းမှာ ၅၇၄၁ဦးခန့်ဖို့ခန့်မှန်းထားတယ်”လို့ ဒုတိယရဲမှုးကြီးထွန်းရွှေကပြောပါတယ်။

အထူးရဲ အဖြစ်လျောက်ထားသူများဟာအသက်၁၈နစ်ကနေ၆၀ထိ ကျန်းမာသန်စွမ်းပီး ပါတီနိင်ငံရေးကင်းရှင်းရမည်ဖြစ်ကာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ထောက်ခံချက်နဲ့ခန့်အပ်သွားမှာဖြစ်ပီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ စာရင်းပေးသွင်းလို့ရတယ်လို့ဆိုပါတယ်။

လာမယ့် ၂၀၂၀ရွှေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် မြန်မာတစ်နိင်ငံလုံးမှာ အထူးရဲ လေးသောင်းကျော်ခန့်အပ်သွားမယ်လို့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။