မအူပင်အကျဥ်းထောင်မှာ လူပေါင်း ၆၉ဦး ကိုဗစ်ရောဂါကူးစက်ခံထားရ

၂၇ ၊ အောကိတိုဘာ၊၂၀၂၀။

ဒီနေ့မနက်ထုတ်ပြန်ချက်အရ ဧရာ၀တီတိုင်း ၊ မအူပင်မြို့အကျဥ်းထောင်က အကျဥ်းသားနဲ့၀န်ထမ်း(၆၉)ဦးမှာ ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ(၂၃)ရက်နေ့က အသက်ရူကြပ်နေတဲ့ အကျဥ်းသားတစ်ဦးကို မအူပင်ဆေးရုံဆီ ခေါ်ယူစစ်ဆေးရာရာကနေ (၂၅)ရက်နေ့မှာကိုဗစ်ရောဂါတွေ့ရှိခဲ့တာပါ။

မနေ့က ရောဂါတွေ့ရှိသူအကျဥ်းသားရဲ့ အဆောင်အတူနေသူတွေနဲ့ ထောင်၀န်ထမ်းတွေအပါအ၀င် လူပေါင်း(၁၅၀)ကို စစ်ဆေးခဲ့ရာ (၆၉)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနဒုတိုင်းဦးစီးမှူး ဒေါက်တာ သီဟအောင်က Delta News Agency ကိုပြောပါတယ်။

လက်ရှိမှာ ထောင်အတွင်းထပ်မံကူးစက်မှုကို တားဆီးဖို့အတွက် အတည်ပြုလူနာတွေနဲံါထိတွေ့ခဲ့တဲ့ အကျဥ်းသားတွေ၊ ထောင်ဝန်ထမ်းတွေနဲ့ ထောင်အပြင်ထွက်မယ့်သူတွေကိုလည်း ရောဂါရှိမရှိ ထပ်မံစစ်ဆေးသွားမယ်လို့ ဆက်ပြောပါတယ်။

ဒီနေ့မနက်ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ(၉၄၉)ဦးရှိလာပြီး မအူပင်မြို့နယ်မှာ (၂၇၂)ဦးထိရှိလာနေပြီဖြစ်ပါတယ်။