ဘူတန်နိုင်ငံက ဘာကြောင့် ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံ ဖြစ်တာလဲ

၁၉ စက္တင္ဘာ ၂၀၁၉

ဘူတန္ႏိုင္ငံဟာ အေရွ႕ေတာင္အာရွရဲ႕ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ဟိမဝႏၲာအေရွ႕ဘက္ အစြန္ပိုင္းေဒသမွာ တည္ရွိပါတယ္။ စိမ္းစိုလွပတဲ့ေတာင္တန္းေတြနဲ႕ ႀကီးမားခန္႔ထယ္တဲ့ ဘုန္းႀကီးေက်ာင္းေတြေၾကာင့္ နာမည္ႀကီးတဲ့ ဘူတန္ႏိုင္ငံဟာ သူ႕ႏိုင္ငံသမိုင္းမွာ ဘယ္တုန္းကမွ် နယ္ခ်ဲ႕က်ဴးေက်ာ္တာလည္း မခံရဖူးပါဘူး။

တျခားကမာၻ႔ႏိုင္ငံေတြထက္ ဘူတန္က ေပ်ာ္စရာေကာင္းတယ္ဆိုတဲ့ အခ်က္ေတြကေတာ့ ဇိမ္ခံပစၥည္းေတြ ေပါမ်ားလို႔ ေငြေၾကးခ်မ္းသာႂကြယ္ဝၾကဖို႕ မဟုတ္ပါဘူး။

ပထမတစ္ခ်က္က ဘူတန္ႏိုင္ငံမွာ ျပည္သူအားလုံးအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ အခမဲ့ ျဖစ္ပါတယ္။ ဒါ့အျပင္ လူနာေတြဟာ ႐ိုးရာတိုင္းရင္းေဆးနဲ႕ ကုမလား ေခတ္သစ္အေနာက္တိုင္းေဆးေတြနဲ႔ ကုမလားဆိုတာလည္း ေရြးခ်ယ္လို႕ရပါတယ္။

ပညာေရးကလည္း လူတန္းစားအားလုံးအတြက္ အခမဲ့ပါပဲ။ ၿပီးေတာ့ ဘူတန္ႏိုင္ငံမွာ အိမ္ရာမဲ့ေတြ မရွိပါဘူး။ တစ္စုံတစ္ေယာက္က သူရဲ႕ေနအိမ္ ပ်က္ဆီးဆုံးရႈံးခဲ့တယ္ဆိုရင္ ဘူတန္ဘုရင္က ေျမယာေထာက္ပ့ံေပးပါတယ္။ အဲဒီေျမယာမွာဆိုရင္ ေနအိမ္ေဆာက္လို႕ရသလို စိုက္ပ်ိဳးလို႕လည္းရတာေၾကာင့္ ဘဝအသစ္တဖန္ ျပန္စႏိုင္ပါတယ္။

ဒါ့အျပင္ ဘူတန္ႏိုင္ငံဧရိယာရဲ႕ ၆၀ရာခိုင္ႏႈန္းေက်ာ္က သစ္ေတာေတြျဖစ္ၿပီး သူတို႔ဟာ သဘာဝပတ္ဝန္းက်င္ကိုလည္း အင္မတန္ အေလးထားၾကပါတယ္။ ၂၀၁၅ခုႏွစ္မွာေတာ့ ဘူတန္ဟာ တစ္နာရီအတြင္း သစ္ပင္ေပါင္း ၅ေသာင္းစိုက္ခဲ့တာေၾကာင့္ ကမာၻ႔စံခ်ိန္တင္ခဲ့ပါေသးတယ္။ ေနာက္တစ္ခုကေတာ့ ဘူတန္ႏိုင္ငံမွာ ေဆးလိပ္ေသာက္ခြင့္ တားျမစ္ထားသလို ေဆးရြက္ႀကီး ေရာင္းခ်တာ ၊ စိုက္ပ်ိဳးထုတ္လုပ္တာကိုလည္း ပိတ္ပင္ထားပါတယ္။

၂၀၁၆ခုႏွစ္ စစ္တမ္းအရ အေရွ႕ေတာင္အာရွမွာ ဘူတန္ဟာ စီးပြားေရးလြတ္လပ္ခြင့္ ၊ ၿငိမ္းခ်မ္းေရးနဲ႕ အက်င့္ပ်က္ျခစားမႈအနည္းဆုံးႏိုင္ငံစာရင္းမွာ ထိပ္ဆုံးက ရပ္တည္ခဲ့ပါတယ္။

Ref : www.giveitlove.com

[ Unicode ]

၁၉ စက်တင်ဘာ ၂၀၁၉

ဘူတန်နိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဟိမဝန္တာအရှေ့ဘက် အစွန်ပိုင်းဒေသမှာ တည်ရှိပါတယ်။ စိမ်းစိုလှပတဲ့တောင်တန်းတွေနဲ့ ကြီးမားခန့်ထယ်တဲ့ ဘုန်းကြီးကျောင်းတွေကြောင့် နာမည်ကြီးတဲ့ ဘူတန်နိုင်ငံဟာ သူ့နိုင်ငံသမိုင်းမှာ ဘယ်တုန်းကမျှ နယ်ချဲ့ကျူးကျော်တာလည်း မခံရဖူးပါဘူး။

တခြားကမ္ဘာ့နိုင်ငံတွေထက် ဘူတန်က ပျော်စရာကောင်းတယ်ဆိုတဲ့ အချက်တွေကတော့ ဇိမ်ခံပစ္စည်းတွေ ပေါများလို့ ငွေကြေးချမ်းသာကြွယ်ဝကြဖို့ မဟုတ်ပါဘူး။
ပထမတစ်ချက်က ဘူတန်နိုင်ငံမှာ ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် လူနာတွေဟာ ရိုးရာတိုင်းရင်းဆေးနဲ့ ကုမလား ခေတ်သစ်အနောက်တိုင်းဆေးတွေနဲ့ ကုမလားဆိုတာလည်း ရွေးချယ်လို့ရပါတယ်။

ပညာရေးကလည်း လူတန်းစားအားလုံးအတွက် အခမဲ့ပါပဲ။ ပြီးတော့ ဘူတန်နိုင်ငံမှာ အိမ်ရာမဲ့တွေ မရှိပါဘူး။ တစ်စုံတစ်ယောက်က သူရဲ့နေအိမ် ပျက်ဆီးဆုံးရှုံးခဲ့တယ်ဆိုရင် ဘူတန်ဘုရင်က မြေယာထောက်ပံ့ပေးပါတယ်။ အဲဒီမြေယာမှာဆိုရင် နေအိမ်ဆောက်လို့ရသလို စိုက်ပျိုးလို့လည်းရတာကြောင့် ဘဝအသစ်တဖန် ပြန်စနိုင်ပါတယ်။

ဒါ့အပြင် ဘူတန်နိုင်ငံဧရိယာရဲ့ ၆၀ရာခိုင်နှုန်းကျော်က သစ်တောတွေဖြစ်ပြီး သူတို့ဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း အင်မတန် အလေးထားကြပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ဘူတန်ဟာ တစ်နာရီအတွင်း သစ်ပင်ပေါင်း ၅သောင်းစိုက်ခဲ့တာကြောင့် ကမ္ဘာ့စံချိန်တင်ခဲ့ပါသေးတယ်။ နောက်တစ်ခုကတော့ ဘူတန်နိုင်ငံမှာ ဆေးလိပ်သောက်ခွင့် တားမြစ်ထားသလို ဆေးရွက်ကြီး ရောင်းချတာ ၊ စိုက်ပျိုးထုတ်လုပ်တာကိုလည်း ပိတ်ပင်ထားပါတယ်။

၂၀၁၆ခုနှစ် စစ်တမ်းအရ အရှေ့တောင်အာရှမှာ ဘူတန်ဟာ စီးပွားရေးလွတ်လပ်ခွင့် ၊ ငြိမ်းချမ်းရေးနဲ့ အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။