ဖျာပုံမြို့မှာ WY တွေဖမ်းမိ


၁၂ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့မှာ မနေ့က မွန်းလွဲပိုင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်း တာဝန်ရှိသူကပြောပါတယ်။

သတင်းအရ ဇော်လတ်နဲ့ ဇနီးဖြစ်သူ ခင်စန်းမြင့်အောင်တို့ရဲ့ နေအိမ်ကို ရှာဖွေဖမ်းဆီးခွင့်ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝယ်ယူဖို့ ရောက်ရှိနေတဲ့ အောင်သန်းထွဋ် နဲ့ အောင်ခန့်ကြွယ်တို့ကိုပါ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ရောင်းရငွေလို့ ယူဆရတဲ့ ငါးသိန်းရှစ်သောင်းသုံးထောင်ကျပ် (၅၈၃,၀၀၀)ကျပ် အပြင် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

တရားမဝင်မူးယစ်ဆေးဝါးတွေကို ရောင်းချရန်နှင့် သုံးစွဲရန်အလို့ငှာ လက်ဝယ်ထားရှိသူ မာဃာ(၄)လမ်း ၊ (၁၅)ရပ်ကွက်က ဇော်လတ်နဲ့ ခင်စန်းမြင့်အောင် တို့နဲ့အတူ ၊ အောင်သစ္စာ(၄)လမ်း ၊ (၁၅)ရပ်ကွက်မှာ နေထိုင်တဲ့ အောင်ခန့်ကြွယ် ၊ အောင်သုခ(၂)လမ်း ၊ (၃)ရပ်ကွက်မှာ နေထိုင်တဲ့ အောင်ခန့်ကြွယ်တို့ကို ဥပဒေအရ အရေးယူနိုင်ရန် အတွက် ဖျာပုံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့က တရားလိုပြုပြီးတိုင်ကြားထားတဲ့အတွက် ဖျာပုံမြို့မရဲစခန်းက မယ(ပ) ၁၀/၂၀၂၀ ၊ စိတ်ပုဒ်မ ၁၉ (က)/၂၀(က)/၂၁ တွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။