ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦး ကွာရန်တင်းဝင်ရမည်

၁၉၊ မေ၊ ၂၀၂၀။

ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်တဲ့ COVID-19 ရောဂါပိုးတွေ့ရှိလူနာစာရင်းမှာ ဧရာဝတီတိုင်းက တစ်ဦးပါဝင်လာပြီးနောက်မှာ လူနာနဲ့ ထိစပ်ခဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်သွားတော့မှာ ဖြစ်ပါတယ်။

လက်တလော စာရင်းတွေအရ ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး ၊ Pethein Volunteer Team က ၃ ဦး ၊ ဆည်မြောင်းဦးစီးဌာနက ၃ ဦး ၊ ပုသိမ်မြို့မ ရဲစခန်းက အရာရှိ ၃ ဦး နဲ့ ရဲတပ်သား ၁ ဦးတို့ ကို အသွားအလာကန့်သတ်စောင့်ကြည့်သွားမယ်လို့ တိုင်းဒေသကြီး ကွာရန်တင်း တာဝန်ခံ ဒေါက်တာမြတ်မင်းထွန်းက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကိုတော့ သူတို့ရဲ့ လိုင်းခန်းတွေမှာပဲ ထားရှိပြီး အသွားအလာကန့်သတ်ထားမယ်လို့ မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးပါတယ်။

ဒီနေ့မနက် စာရင်းမှာ ပါဝင်လာတဲ့ လူနာအမှတ် (၁၉၁) ဟာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာက ဖြစ်ပြီး မလေးရှားက ပြန်လာသူတစ်ဦး ဖြစ်ပါတယ်။

Delta News Agency က လူနာအမှတ် (၁၉၁) ရဲ့ ဖခင်ကိုဆက်သွယ်မေးမြန်းရာမှာ သားဖြစ်သူက မလေးရှားကိုသွားခဲ့တာ ၅ လလောက်ပဲ ရှိသေးပြီး ၊ စားသောက်ဆိုင်မှာ အလုပ်ရတာ တစ်လခန့်ပဲ ရှိသေးတယ်လို့ ဆိုပါတယ် ။ အလည်အပတ်ဗီဇာနဲ့သွားရောက်ခဲ့တာမို့ အဖမ်းခံရပြီး အခုလို မြန်မာပြည်ကို ပြန်ပို့ခံရတယ်လို့လည်း ပြောပါတယ် ။သူ့သားအခြေအနေကို ဒီနေ့မနက် သတင်းတွေကြားရမှာသာ သိရတာလို့ DNA ကိုပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ဧရာဝတီတိုင်းဆီကို မလေးရှားကပြန်လာသူ စုစုပေါင်း ၁၈ ဦးရှိပြီး ပုသိမ်တက္ကသိုလ် တေဇဆောင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတာပဲ ဖြစ်ပါတယ်။
လက်တလောအခြေအနေမှာ လူနာအမှတ် (၁၉၁) ကို ပုသိမ်မြို့ ကုတင် ၅၀၀ဆေးရုံကြီးဆီ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။

(Zawgyi)

ပုသိမ္အေျခစိုက္ သတင္းေထာက္ ၂ ဦး အပါအဝင္ စုစုေပါင္း ၁၂ ဦး ကြာရန္တင္းဝင္ရမည္

၁၉၊ ေမ၊ ၂၀၂၀။

က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔မနက္ ၇ နာရီ ထုတ္ျပန္တဲ့ COVID-19 ေရာဂါပိုးေတြ႕ရွိလူနာစာရင္းမွာ ဧရာဝတီတိုင္းက တစ္ဦးပါဝင္လာၿပီးေနာက္မွာ လူနာနဲ႔ ထိစပ္ခဲ့သူေတြကို အသြားအလာကန႔္သတ္ ေစာင့္ၾကည့္သြားေတာ့မွာ ျဖစ္ပါတယ္။

လက္တေလာ စာရင္းေတြအရ ပုသိမ္အေျခစိုက္ သတင္းေထာက္ ၂ ဦး ၊ Pethein Volunteer Team က ၃ ဦး ၊ ဆည္ေျမာင္းဦးစီးဌာနက ၃ ဦး ၊ ပုသိမ္ၿမိဳ႕မ ရဲစခန္းက အရာရွိ ၃ ဦး နဲ႔ ရဲတပ္သား ၁ ဦးတို႔ ကို အသြားအလာကန႔္သတ္ေစာင့္ၾကည့္သြားမယ္လို႔ တိုင္းေဒသႀကီး ကြာရန္တင္း တာဝန္ခံ ေဒါက္တာျမတ္မင္းထြန္းက ေျပာပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြကိုေတာ့ သူတို႔ရဲ႕ လိုင္းခန္းေတြမွာပဲ ထားရွိၿပီး အသြားအလာကန႔္သတ္ထားမယ္လို႔ ၿမိဳ႕မရဲစခန္းက တာဝန္ရွိသူတစ္ဦးက အတည္ျပဳေပးပါတယ္။

ဒီေန႔မနက္ စာရင္းမွာ ပါဝင္လာတဲ့ လူနာအမွတ္ (၁၉၁) ဟာ ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္ အိုးဘိုေက်း႐ြာက ျဖစ္ၿပီး မေလးရွားက ျပန္လာသူတစ္ဦး ျဖစ္ပါတယ္။

Delta News Agency က လူနာအမွတ္ (၁၉၁) ရဲ႕ ဖခင္ကိုဆက္သြယ္ေမးျမန္းရာမွာ သားျဖစ္သူက မေလးရွားကိုသြားခဲ့တာ ၅ လေလာက္ပဲ ရွိေသးၿပီး ၊ စားေသာက္ဆိုင္မွာ အလုပ္ရတာ တစ္လခန႔္ပဲ ရွိေသးတယ္လို႔ ဆိုပါတယ္ ။ အလည္အပတ္ဗီဇာနဲ႔သြားေရာက္ခဲ့တာမို႔ အဖမ္းခံရၿပီး အခုလို ျမန္မာျပည္ကို ျပန္ပို႔ခံရတယ္လို႔လည္း ေျပာပါတယ္ ။သူ႔သားအေျခအေနကို ဒီေန႔မနက္ သတင္းေတြၾကားရမွာသာ သိရတာလို႔ DNA ကိုျပန္လည္ေျဖၾကားခဲ့ပါတယ္။

အခုရက္ပိုင္းအတြင္းမွာ ဧရာဝတီတိုင္းဆီကို မေလးရွားကျပန္လာသူ စုစုေပါင္း ၁၈ ဦးရွိၿပီး ပုသိမ္တကၠသိုလ္ ေတဇေဆာင္မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားတာပဲ ျဖစ္ပါတယ္။
လက္တေလာအေျခအေနမွာ လူနာအမွတ္ (၁၉၁) ကို ပုသိမ္ၿမိဳ႕ ကုတင္ ၅၀၀ ေဆး႐ုံႀကီးဆီ ပို႔ေဆာင္ထားၿပီ ျဖစ္ပါတယ္။

Topic- #ဧရာဝတီတိုင်း#ပုသိမ်#Covid-19#မလေးရှားပြန်