ပုသိမ်နဲ့ကန်ကြီးထောင့်မှာ ဆိုင်ကယ်နဲ့ဖုန်းတွေ ခိုးနေတဲ့အဖွဲ့ကို မိပြီ

၁၅ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

ပုသိမ်မြို့ နဲ့ကန်ကြီးထောင်မြို့နယ်တွေမှာ ဖုန်းနဲ့ဆိုင်ကယ်တွေ လိုက်လံခိုးယူနေတဲ့ လူ(၄)ဦးကိုဖမ်းဆီးထားတယ်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မြို့မှာ ခိုးမူလုယက်မူတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် တိုင်းရဲတပ်ဖွဲ့မှုးရဲ့ တာ၀န်ပေးချက်အရ ပုသိမ်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်က ယခင်ပြစ်ချက်ဟောင်းရှိသူတွေကို အသွင်ယူစုံစမ်းစေခဲ့ရာက ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။

ပုသိမ်အမှတ်(၅)ရပ်ကွက် ဘူတာပန်းခြံဟောင်းမှာ နေထိုင်တဲ့ ယခင်ကခိုးမှုတွေ ကျူးလွန်ဖူးတဲ့ ဖိုးမောင်၊ ဘိုဘို၊ ချစ်ဦးမောင်၊ ဖိုးအေးတို့ လေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး သူတို့တွေက ခိုးမှုတွေ ကျူးလွန်ထားတယ်လို့ ပေါ်ပေါက်ခဲ့တာပါ။

“အဲ့ဒီ (၄)ယောက်ထဲမှာ ဖိုးအေးက ဆိုင်ကယ်ခိုးမှု ကျူးလွန်ခဲ့ပြီးကျန်(၃)ဦးကတော့ အိမ်တွေမှာ ဖုန်းနဲ့နာရီ လိုက်လံခိုးယူခဲ့တာလို့စစ်ဆေးတွေ့ရှိရတယ်”လို့ပုသိမ်ခရိုင်ရဲတပ်ဖွဲ့က တာ၀န်ရှိသူတစ်ဦးကပြောတာပါ။

သူတို့ဆီကနေ ကန်ကြီးထောင့်မြို့နယ်က ခိုးယူလာတဲ့ ဆိုင်ကယ်တစ်စီး၊ ပုသိမ်နဲ့ကန်ကြီးထောင့်မြို့နယ်တွေက ခိုးယူခဲ့တဲ့ လက်ကိုင်ဖုန်းမျိုးစုံ (၂၁)လုံးနဲ့ လက်ပတ်နာရီတစ်လုံးကို လက်ရှိမှာ သိမ်းဆည်းရမိနေပြီလို့သိရပါတယ်။

လက်ရှိ သူတို့ (၄)ဦးကိုပုသိမ်နယ် မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီးတခြားအမှုတွေ ကျူးလွန်ခြင်း ရှိမရှိစစ်ဆေးနေတယ်လို့သိရပါတယ်။ ဇွန်လအတွင်းကလည်း ပုသိမ်မြို့မှာ
စုံတွဲတွေကို လုယက်ခဲ့တဲ့လူငယ်(၉)ဦးပါ အဖွဲ့ကိုဖမ်းဆီးရမိခဲ့ပါတယ်။