ပုသိမ်ဆေးရုံအရိုးဆောင်ကလူနာနှစ်ဦးအပါအဝင် ပုသိမ်ကိုဗစ်လူနာသစ်(၃)ဦးတွေ့

၂၃၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာ ဒီကနေ့ကိုဗစ်လူနာသစ်(၃)ဦး တွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်အောင်ဇေယျလမ်းကအသက်(၂၄)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နှာစေး၊အနံပျောက်နေတာ ၄ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။

ပုသိမ်ဆေးရုံရဲ့ Lock Downချထားတဲ့ အရိုးဆောင်ကလူနာနဲ့ လူနာစောင့်တွေကို ဒုတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ပုသိမ်ညောင်ချောင်းက ခြေထောက်ခွဲစိတ်ဖို့
ဆေးရုံတက်နေတဲ့ အသက်(၄၈)နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ ငပုတောမြို့နယ်နွားကုန်းရွာကလာပြီး ဆေးရုံတက်နေတဲ့ အသက်(၃၈)နှစ်အရွယ်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၉၀၈)ဦး ရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၈၄၃)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။