ပုသိမ်ကိုဗစ်လူနာ(၁၀)ဦးတိုး

၂၅ ၊ ဒီဇင်ဘာ ၊ ၂၀၂၀။

ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာ(၁၀)ဦးထပ်တိုးခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်မြို့အ၀င်ကိုဗစ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာက ရန်ကုန်ဗိုလ်တစ်ထောင်မြိုနယ်က အသက်(၂၂)နှစ်အရွယ်အမျိုးသားမှာရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်စက်ရုံကပစ္စည်းတွေတင်ဖို့ရန်ကုန်ကနေ လာရောက်ခဲ့တာလို့ သိရပါတယ်။

ဧရာမင်း(၄)လမ်းကလက်ဘက်ရည်နဲ့ ခေါက်ဆွဲရောင်းတဲ့အသက်(၄၂)အရွယ်အမျိုးသမီးနဲ့ ဥမ္မာဒန္တီ (၉)လမ်းက အသက်(၃၂)နှစ်အရွယ်အမျိုးသမီးတို့ဟာအနံပျောက်နေတာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။

ကွာရန်တင်းစင်တာကနေ ကျောက်စရစ်ကုန်းနေတဲ့လူနာ(၅၉၇)ရဲ့ ဇနီး၊ မရီးနဲ့ ယောက်ဖ၊ ဥမ္မာဒန္တီ(၁)လမ်းကလူနာ(၅၉၆)ရဲ့တူမ၊ မြောင်းမြကျောင်းရှေ့ကလူနာ(၅၉၉)ရဲ့ ဦးလေးနဲ့ညီဖြစ်သူ၊ ကွမ်းခြံလမ်းကြားကအသက် (၅၀)အရွယ်အမျိုးသားအပါအဝင် (၇)ဦးကိုစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၆၀)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၄၈၈)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။