ပုသိမ်ကိုဗစ်လူနာသစ်၃ဦးမှာအထည်ချုပ်ဝန်ထမ်းတစ်ဦးပါဝင်

၈၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်ငဝန်ကျွန်းသာ(၅)လမ်းမှာနေထိုင်တဲ့ ချိုင်မွန်စပေါ့အထည်ချုပ်စက်ရုံက ဝန်ထမ်းအသက်(၂၉)နှစ်အရွယ်အမျိုးသမီးနဲ့ သူရဲ့အသက်(၁၉)နှစ်အရွယ်ညီမဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ သုံးရက်ကဖျားခဲ့ပြီး ဒီနေ့အနံပျောက်နေတာကြောင့် အထက(၅)Fever Clinicမှာလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။

အထည်ချုပ်၀န်ထမ်းတွေရောဂါတွေ့လို့ lockdownလုပ်ထားတဲ့ ကင်မလင်းကျွန်းငုဝါ(၃)လမ်းအဆောင်မှာနေထိုင်ပြီး ကျောက်ကားမောင်းတဲ့အသက်(၂၄)နှစ်အရွယ်အမျိုးသားကို တတိယအကြိမ်စစ်ဆေးခဲ့ရာမှာ ရောဂါတွေ့ခဲ့ရပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၇၉၄)ဦးရှိနေပြီဖြစ်ပါတယ်။ လူနာတွေထဲကမှ (၆၈၅)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။