ပုသိမ်မြို့တဖက်ကမ်းက ရတနာပုံဆိုက်ဘာစီးတီးကျောင်းသားလေးရဲ့ ဈာပန

၁၀ ၊ဒီဇင်ဘာ၊၂၀၁၈။

ဒီဇင်ဘာလ ညနေပိုင်းမှာ ဆိုင်ကယ်လုယက်သူတွေရဲ့ လက်ချက်နှင့် သေဆုံးခဲ့တဲ့ နည်းပညာတက်ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)ကျောင်းသား မောင်ထက်လင်းသန့်ရဲ့ ဈာပနကို ဒီနေ့မွန်းတည့် ၁၂ နာရီမှာ ကျင်းပခဲ့ပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့တဖက်ကမ်းမှာရှိတဲ့ ကြက်ပေါင်ရွာက နေအိမ်မှာ ဈာပနအခမ်းအနားကိုပြင်ဆင်ခဲ့တာဖြစ်ပြီး ဆွေမျိုးတွေ ၊ ရတနာပုံတက္ကသိုလ်(ဆိုက်ဘာစီးတီး)က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ၊ဆရာဆရာမတွေ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။