နေရပ်​ရွေ့​​ပြောင်းသူအ​ရေအတွက် မြင့်တက်လာ​နေတဲ့ မြန်မာ

၃၀ ၊ ​မေလ ၊ ၂၀၂၁ ။

မြန်မာနိုင်ငံမှာ ​ ​အာဏာသိမ်းစစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေအကြား ပဋိပက္ခတွေ မြင့်တက်လာချ်န်မှာပဲ နေရပ်စွန့်ခွာထွက်​ပြေးသူ ၁၂၀,၀၀၀ ​ကျော်ရှိလာပြီလို့ ​​သောကြာ​နေ့မှာ ထုတ်ပြန်တဲ့ ကုလအစီရင်ခံစာက ​ပြောပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတဲ့ ဖေ​ဖော်ဝါရီလကတည်းက
အထူးသဖြင့် တိုက်ပွဲ​တွေ ပြင်းထန်​နေတဲ့ ကချင် ၊ ကရင် ၊ ရှမ်း​မြောက် ၊ ချင်းနဲ့ ကယားပြည်နယ်​တွေမှာ ​နေရပ်​ရွေ့​ပြောင်းသူ ၁၂၀,၉၀၀ ဦးရှိလာပြီ ဖြစ်ပါတယ်။

​ထောင်ချီတဲ့လူ​တွေဟာ လူသားချင်းစာနာ​ထောက်ထားမှု အကူအညီ​တွေ လိုအပ်​နေပြီး ​ဆေးဝါး​တွေ ၊ အ​ရေး​ပေါ်ကုသ​ရေးအ​​ထောက်အကူပြုပစ္စည်း​တွေအပြင် အမိုးအကာနဲ့ စားနပ်ရိက္ခာ​တွေအ​ရေး​ပေါ်လိုအပ်​နေတယ်လို့ UNHCR အစီရင်ခံစာက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်​ကြောင့် လူ​ပေါင်း ၈၃၀​ကျော် ကျဆုံးခဲ့ပြီး ၄၃၀​၀ ကျော် ဖမ်း​ဆီးခံထားရတဲ့အပြင် ၇၅ဦးထက်မနည်း ​ပျောက်ဆုံး​နေတယ်လို့ မြန်မာနိုင်ငံအကျဥ်းသားများ ကူညီ​စောင့်​ရှောက်​​ရေးအသင်း AAPP က စု​ဆောင်းထားတဲ့ အချက်အလက်​တွေအရ သိရပါတယ်။

 

Photo : KDHW