ဒုတိယအကြိမ်ဓါတ်ခွဲနမူနာ စစ်ဆေးရာ ပုသိမ်မှာ ကိုဗစ်လူနာတစ်ဦးထပ်မံတွေ့ရှိ

၂၉၊ မေလ ၊ ၂၀၂၀။ (သတင်းတို)

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုးရှိသူ လူနာတစ်ဦး ထပ်တိုးလာခဲ့ပါတယ်။

လူနာအမှတ် (၂၀၇)ဟာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ပြီး ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် လူနာအမှတ် (၂၀၇)ဟာ မော်လမြိုင်ကျွန်းမြို့နယ်မှာ နေထိုင်ပြီး မလေးရှားနိုင်ငံက ပြန်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းရဲ့ ပထမဆုံး ကိုဗစ်ရောဂါပိုးရှိသူ လူနာအမှတ် (၁၉၁)နဲ့ အတူ ပုသိမ်ကိုရောက်ရှိလာတဲ့ ၁၈ ဦးအဖွဲ့ထဲမှာ ပါဝင်ခဲ့လို့ ဓါတ်ခွဲနမူနာ စစ်ဆေးခဲ့ရာမှာ ပထမအကြိမ်မှာ ရောဂါပိုး မတွေ့ရှိရပဲ ၊ ဒုတိယအကြိမ်မှာ အခုလို ရောဂါပိုးတွေ့ရှိရတာလို့ ဧရာဝတီတိုင်း Quarantine officer ဒေါက်တာမြတ်မင်းထွန်းက ပြောပါတယ်။

လက်ရှိအချိန်မှာ လူနာအမှတ် (၂၀၇)ကို ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ထားပြီ ဖြစ်ပြီး ၊ ရောဂါပိုးတွေ့ရှိသူတွေ ပါဝင်တဲ့ ပြည်တော်ပြန်အဖွဲ့ ပုသိမ်ရောက်လာချိန်မှာ သွားရောက်သတင်းယူခဲ့တဲ့ သတင်းထောက် ၂ ဦးနဲ့ စေတနာ့ဝန်ထမ်း ၃ ဦးကို အိမ်တွင်းအသွားအလာကန့်သတ်စောင့်ကြည့်ဖို့ ၁၄ ရက်ထပ်မံနေဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

(Zawgyi)

ဒုတိယအႀကိမ္ဓါတ္ခြဲနမူနာ စစ္ေဆးရာ ပုသိမ္မွာ ကိုဗစ္လူနာတစ္ဦးထပ္မံေတြ႕ရွိ

၂၉၊ ေမလ ၊ ၂၀၂၀။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီေန႔ည ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါပိုးရွိသူ လူနာတစ္ဦး ထပ္တိုးလာခဲ့ပါတယ္။

လူနာအမွတ္ (၂၀၇)ဟာ ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕မွာ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူတစ္ဦးျဖစ္ၿပီး ဒုတိယအႀကိမ္ ဓါတ္ခြဲနမူနာ စစ္ေဆးရာမွ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၄၄ ႏွစ္အ႐ြယ္ လူနာအမွတ္ (၂၀၇)ဟာ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္မွာ ေနထိုင္ၿပီး မေလးရွားႏိုင္ငံက ျပန္လာသူတစ္ဦးလည္း ျဖစ္ပါတယ္။

ဧရာဝတီတိုင္းရဲ႕ ပထမဆုံး ကိုဗစ္ေရာဂါပိုးရွိသူ လူနာအမွတ္ (၁၉၁)နဲ႔ အတူ ပုသိမ္ကိုေရာက္ရွိလာတဲ့ ၁၈ ဦးအဖြဲ႕ထဲမွာ ပါဝင္ခဲ့လို႔ ဓါတ္ခြဲနမူနာ စစ္ေဆးခဲ့ရာမွာ ပထမအႀကိမ္မွာ ေရာဂါပိုး မေတြ႕ရွိရပဲ ၊ ဒုတိယအႀကိမ္မွာ အခုလို ေရာဂါပိုးေတြ႕ရွိရတာလို႔ ဧရာဝတီတိုင္း Quarantine officer ေဒါက္တာျမတ္မင္းထြန္းက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ လူနာအမွတ္ (၂၀၇)ကို ပုသိမ္ေဆး႐ုံႀကီးကို ပို႔ေဆာင္ထားၿပီ ျဖစ္ၿပီး ၊ ေရာဂါပိုးေတြ႕ရွိသူေတြ ပါဝင္တဲ့ ျပည္ေတာ္ျပန္အဖြဲ႕ ပုသိမ္ေရာက္လာခ်ိန္မွာ သြားေရာက္သတင္းယူခဲ့တဲ့ သတင္းေထာက္ ၂ ဦးနဲ႔ ေစတနာ့ဝန္ထမ္း ၃ ဦးကို အိမ္တြင္းအသြားအလာကန႔္သတ္ေစာင့္ၾကည့္ဖို႔ ၁၄ ရက္ထပ္မံေနဖို႔ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

Topic – #ဧရာဝတီတိုင်း#ပုသိမ်#မော်လမြိုင်ကျွန်း#ကိုဗစ်