ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သား (၃၄)ဦး Covid-19 ကူးစက်ခံရ

၂၆၊ ဧပြီ၊ ၂၀၂၀။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သား (၃၄)ဦး Covid-19 ရောဂါကူးစက်ခံရတယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတစ်လွှား Covid-19 ရောဂါကူးစက်ခံရသူထပ်တိုးစာရင်းမှာ တောင်ပိုင်းက Songkhla မြို့မှာရှိတဲ့ ရွေ့ပြောင်းလုပ်သား (၄၂)ယောက်လည်း ပါဝင်နေတယ်လို့ ထိုင်းအစိုးရက ဧပြီလ ၂၅ရက်နေ့က ထုတ်ပြန်ပါတယ်။

စနေနေ့က Covid-19ကြောင့် လူတစ်ဦးသေဆုံးပြီး ရောဂါပိုးရှိသူအသစ် ၅၃ဦးကို တွေ့ရှိထားတယ်လို့ ထိုင်း Covid-19ဆိုင်ရာ အုပ်ချုပ်ရေးစင်တာ(CCSA)က ပြောပါတယ်။

အဲဒီထဲက ရောဂါပိုးတွေ့ရှိတဲ့ ရွှေ့ပြောင်းလုပ်သား (၄၂)ဦးဟာ တရားမဝင် ဝင်ရောက်လာမှုနဲ့ Songkhla မြို့က လူဝင်မှုကြီးကြပ်ရေးစင်တာမှာ ထိန်းသိမ်းခံထားရသူတွေ ဖြစ်တယ်လို့ CCSA စင်တာက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံက (၄၃)ဦး၊ ဗီယက်နမ်နိုင်ငံက (၃)ဦး၊ မလေးရှားနိုင်ငံက (၂)ဦး၊ ယီမင်နိုင်ငံက ၁ဦး၊ ကမ္ဘောဒီးယားနိုင်ငံက ၁ဦးနဲ့ အိန္ဒိယနိုင်ငံက ၁ဦးတို့ ဖြစ်ကြပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ Covid-19 ရောဂါပိုးရှိသူ စုစုပေါင်း (၂,၉၀၇)ဦး တွေ့ရှိထားပြီး (၅၁)ဦး သေဆုံးခဲ့ပါတယ်။

(Zawgyi)

ထိုင္းေရာက္ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သား (၃၄)ဦး Covid-19 ကူးစက္ခံရ

၂၆၊ ဧၿပီ၊ ၂၀၂၀။

ထိုင္းႏိုင္ငံမွာ ေ႐ႊ႕ေျပာင္းျမန္မာလုပ္သား (၃၄)ဦး Covid-19 ေရာဂါကူးစက္ခံရတယ္လို႔ Bangkok Post သတင္းဌာနက ေဖာ္ျပပါတယ္။

ထိုင္းႏိုင္ငံတစ္လႊား Covid-19 ေရာဂါကူးစက္ခံရသူထပ္တိုးစာရင္းမွာ ေတာင္ပိုင္းက Songkhla ၿမိဳ႕မွာရွိတဲ့ ေ႐ြ႕ေျပာင္းလုပ္သား (၄၂)ေယာက္လည္း ပါဝင္ေနတယ္လို႔ ထိုင္းအစိုးရက ဧၿပီလ ၂၅ရက္ေန႔က ထုတ္ျပန္ပါတယ္။

စေနေန႔က Covid-19ေၾကာင့္ လူတစ္ဦးေသဆုံးၿပီး ေရာဂါပိုးရွိသူအသစ္ ၅၃ဦးကို ေတြ႕ရွိထားတယ္လို႔ ထိုင္း Covid-19ဆိုင္ရာ အုပ္ခ်ဳပ္ေရးစင္တာ(CCSA)က ေျပာပါတယ္။

အဲဒီထဲက ေရာဂါပိုးေတြ႕ရွိတဲ့ ေ႐ႊ႕ေျပာင္းလုပ္သား (၄၂)ဦးဟာ တရားမဝင္ ဝင္ေရာက္လာမႈနဲ႔ Songkhla ၿမိဳ႕က လူဝင္မႈႀကီးၾကပ္ေရးစင္တာမွာ ထိန္းသိမ္းခံထားရသူေတြ ျဖစ္တယ္လို႔ CCSA စင္တာက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

သူတို႔ဟာ ျမန္မာႏိုင္ငံက (၄၃)ဦး၊ ဗီယက္နမ္ႏိုင္ငံက (၃)ဦး၊ မေလးရွားႏိုင္ငံက (၂)ဦး၊ ယီမင္ႏိုင္ငံက ၁ဦး၊ ကေမာၻဒီးယားႏိုင္ငံက ၁ဦးနဲ႔ အိႏၵိယႏိုင္ငံက ၁ဦးတို႔ ျဖစ္ၾကပါတယ္။

လက္ရွိထိုင္းႏိုင္ငံမွာ Covid-19 ေရာဂါပိုးရွိသူ စုစုေပါင္း (၂,၉၀၇)ဦး ေတြ႕ရွိထားၿပီး (၅၁)ဦး ေသဆုံးခဲ့ပါတယ္။

Ref : Bangkok Post

#ရွေ့ပြောင်းမြန်မာလုပ်သား#ထိုင်း#Covid-19