တောင်ကိုရီးယားရဲ့ ဒီမိုကရေစီအရေးတော်ပုံဂုဏ်ထူးဆောင်ဆု ချီးမြင့်ခံခဲ့ရတဲ့ ဒေါက်တာတေဇာဆန်း

၁၀ ၊ ဇွန်လ ၊ ၂၀၂၁ ။

မြန်မာ့နွေဦးတော်လှန်‌ရေးမှာ ဦး​ဆောင်လှုပ်ရှား​နေတဲ့ ဒေါက်တာတေဇာဆန်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဇွန်ဒီမိုကရေစီ‌အရေးတော်ပုံ ဂုဏ်ထူးဆောင်ဆုချီးမြင့်ခံခဲ့ရပါတယ်။

ဒီက​နေ့ ကျ​ရောက်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ၃၄နှစ်မြောက် ဇွန် ၁၀ ဒီမိုကရေစီ တော်လှန်ရေးနှစ်ပတ်လည်နေ့မှာ အခုလို ဆုချီးမြင့်ခဲ့တာပါ။

“ကိုတေဇာဆန်းဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို အံတုကာ မြန်မာ့ဒီမိုကရေစီနဲ့ ပြည်သူ​တွေရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ သက်စွန့်ကြိုးပမ်းခဲ့တယ် ၊ ကိုရီးယား အစရှိတဲ့ အာရှဒီမိုကရေစီအင်အားစု​တွေနဲ့ ပူးပေါင်းပြီး လူသားတို့ရဲ့ အခြေခံ အခွင့်အရေးနဲ့ တန်ဖိုးဖြစ်တဲ့ ဒီမိုကရေစီစနစ် တိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်ခဲ့တဲ့အတွက် ဒီဆုကို ချီးမြင့်ရခြင်းဖြစ်တယ်”လို့ ဆုချီးမြင့်တဲ့ ဂွမ်ဂျူးဂျွန်နမ်းနှစ်ပတ်လည်ပွဲကျင်းပရေး ကော်မတီက ကြေညာခဲ့ပါတယ်။

​​ဖေ​ဖော်ဝါရီ ၁ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး​နောက် ပြည်လုံးကျွတ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲ​တွေမှာ ပါဝင်ခဲ့တဲ့ ကို​တေဇဆန်းဟာ မန္တ​လေးမြို့ရဲ့ သပိတ်​ခေါင်း​ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဆုကို​တော့ ကိုတေဇာဆန်း ကိုယ်စား ​တောင်ကိုရီးယား​ရောက် ကိုဇော်မိုးအောင်(ဥက္ကဌ၊ ကိုရီးယား မြန်မာ ပူးတွဲ လုပ်ဆောင်ရေးအဖွဲ့)က လက်ခံရယူပြီး မြန်မာပြည်တွင်းက ပို့ပေးလာတဲ့ ကိုတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကိုလည်း ဖတ်ကြားခဲ့ပါသည်။

​တောင်ကိုရီးယားရဲ့ ဇွန် ၁၀ ဒီမိုက‌ရေစီတော်လှန်ရေး​နေ့ဟာ ၁၉၈၇ခုနှစ် ဇွန်လ ၉ရက် ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲမှာ ယွန်ဆဲတက္ကသိုလ်ကျောင်းသား အီဟန်ယောလ်ဟာ အာဏာရှင်သမ္မတဂျွန်ဒူးဟွမ်ရဲ့ လက်ပါးစေ​တွေ လက်ချက်​နဲ့ ကျဆုံးအပြီး လူထုတစ်ရပ်လုံး ပါဝင်လာတဲ့ ပြည်လုံးကျွတ်ဆန္ဒပြပွဲအသွင် ကူးပြောင်းခဲ့တဲ့ သမိုင်းဝင် ဒီမိုကရေစီ တော်လှန်ရေးနေ့ ဖြစ်သည်။